Part 10||Value of a Chance||

212 43 2
                                        

Zawgyi

"Yeobo, မြန်မြန်လာ။ဒီ သားအဖ၂ယောက်
ကတော့လေ နောက်ကျမှ ပူညံပူညံမလုပ်ကြနဲ့။"

"လာပြီဟေ့။ ဒီမှာ သားက ရေခဲမုန့်စားချင်လို့
ဝယ်နေတာ မိန်းမရေ။"

"Omma! ဒီမှာ Omma ဖို့ပါ ဝယ်ရာဒယ် ချားပါရား။
Junmyeonie တိုတိုင် ရွေးရာဒါ။"

"အိုက်ဂူး၊ Omma ရဲ့ Junmyeonie လေးက ဝယ်လာ
တာဆိုတော့ စားရမှာပေါ့။"

ရယ်မောနေတဲ့ မိဘတွေနဲ့အတူ ပျော်ရွှင်နေတဲ့ Junmyeon ရဲ့ ငယ်ဘဝလေးက ကလေးတိုင်း အား
ကျရလောက်တဲ့ မိသားစုလေး ဖြစ်ခဲ့တယ်။ ဒုံဒယ်မွန်ညဈေးမှာ လျှောက်လည်ရင်း ကမ်းနားဘက်ပါ မီးရှူးမီးပန်းကြည့်ဖို့သွားတဲ့ အချိန်၊ Junmyeon အသက် ၅နှစ်
အရွယ်တုန်းက အမှတ်တရတွေ။

"Omma! မီးရှူးမီးပန်းဒွေက မရာတေးဘူးရား ဟင်။"

"လာမှာပေါ့သားရဲ့ ၃မိနစ်လောက်ပဲ လိုတော့တယ်။"

"တုံးမိနစ်က ဘယ်လောက်ကြာရဲ။"

"Appa သင်ပေးထားတယ်လေ၊ Junmyeonie? လက်ချိုးရေကြည့်လေ။"

နှုတ်ခမ်းပုစိသေးသေးကို ဖိပြီး မျက်လုံးလေးတွေက ဟိုသည်လျှောက်ပြေးပြီး မျက်ခုံးလေးကျုံလိုက် လက်
ချောင်းသေးသေးလေးတွေ ချိုးလိုက်နဲ့ အလုပ်ရှုပ်နေတဲ့
၅နှစ်သားအရွယ် Junmyeon လေးက တချိန်က မိဘ
တွေရဲ့ တစ်ဦးတည်းသော အသည်းအသက်လေး ဖြစ်ခဲ့တာပေါ့။

"Hana,.. dul.., set, net,... daseot အွန်း ပြီး
တော့ အွန်း။"

"ဟား..ဟား..ဟား..။"

"Appa!!!"

ဆူဆူဆောင့်ဆောင့်လေး ပြောလာတဲ့ Junmyeon ကို
Appa လက်တွဲထားရာကနေ ဆံပင်လေးတွေကို ဖွပြီး ပွေ့ချီလိုက်တယ်။

"Appa က wuri Junmyeon လေး တော်လို့ ရယ်တာပါ။"

ထိုစဉ် လက်ခနဲ ဖြစ်သွားတဲ့ မီးရောင်ကြောင့် Junmyeon မျက်တောင်လေးတွေ တဖျက်ဖျက်ခတ်
သွားပြီး လက်ဖမိုးသေးသေးလေးနဲ့ ပွတ်လိုက်မှ

"ဝှား.....ရေးးးး မီးရှူးမီးပန်းရေးဒွေ ရောက်ရာပြီ။
Omma ကြည့်ကြည့်၊ Appa ရော။"

လက်ခုပ်သေးသေးလေးကို တစ်ခုပ်တရ တီးနေရင်း
မျက်ဝန်းလေးတွေ ပိတ်ကျသွားတဲ့အထိ အားရပါးရ
ရယ်မောနေတဲ့ ကလေးငယ်အပေါ် တယောက်ကို
တယောက်အပြန်အလှန် ပွေ့ဖက်ထားရင်း ပွဲတော်
ကို ဆင်နွှဲနေကြတဲ့ မိသားစုလေးရဲ့ အခိုက်အတန့်က
နောင်မှာ အဖိုးမဖြတ်နိုင်ခဲ့တဲ့ Kim မိသားစုရဲ့ အမှတ်တရတစ်ခုဖြစ်လာခဲ့တာပေါ့။

MY SHINING COMETWhere stories live. Discover now