Part 18||Blurred Boundaries||

133 38 2
                                        

Zawgyi

ရေချိုးခန်းကနေ မျက်နှာသစ်ပြီး Jun Myeon ထွက်
လာတော့ စာကြည့်စားပွဲမှာ Xingက စာဖတ်နေတယ်။

"ငါတို့ Xing က လိမ္မာတာပဲ၊ မနက်ဖြန်အတွက်
အိမ်စာတွေတောင် ပြောစရာမလိုပဲလုပ်နေတယ်"

Jun Myeon စကားသံကြောင့် Xing လှည့်ကြည့်တဲ့အခါ Jun Myeon က ညအိပ်ဝတ်စုံလဲပြီးလို့ မျက်နှာကို Towel နဲ့ ရေခြောက်အောင် သုတ်နေတယ်။

"အိမ်စာက မရှိတော့ဘူး၊ ကိုယ် မနက်ဖြန်အတွက်စာကို
အရင်ကြည့်နေတာ"

Jun Myeon စိတ်ထဲ Xing နောက်နေတယ်ထင်ပြီး
အနားကိုသွားကြည့်တော့ တကယ်ပဲ Xing က အိမ်စာ
ပြီးလို့ နောက်တနေ့အတွက် အသစ်ပါကြိုဖတ်နေ
တယ်။

"Daebak!! Jun တောင် အိမ်စာပြီးပေမယ့် တခါမှ
စာတော့ကြိုမဖတ်ဘူး...hkhk ကြည့်ရတာ Xing က
ဥာဏ်ပိုကောင်းသလို Jun ထက်လည်း ကြိုစားတယ်"

"Aigoo!! ဘာလို့ ဒီလောက်တောင် လိမ္မာနေရတာလဲ
ငါတို့ Xing ကတော့"

Jun Myeon သဘောတကျနဲ့ Xing ရဲ့ ပါးကို လက်နဲ့ ဖျစ်ညှစ်လိုက်တယ်။ ငယ်ငယ်က ကလေးပေါက်စ
လေးတွေချစ်ဖို့ကောင်းရင် ဆွဲညှစ်လိုက်သလိုမျိုး။

သေချာကြည့်မိမှ Xing ရဲ့ မျက်လုံးရောင်က တောက်ပ
ပြီး ကြည့်လို့ကောင်းတာပဲ။Xing ရဲ့ မျက်နှာကလည်း
ပြစ်ချက်မရှိ ချောမောခန့်ညားနေတာကတော့ စတွေ့
ထဲက။အခုက ပိုလာသလိုပဲ။

"သဘောကျလား အခုလို လုပ်ရတာ"

Xing ပြောလိုက်တဲ့နောက်မှ Jun Myeon သတိထား
မိတော့တယ်။သိပ်မကြာတဲ့ အချိန်ခဏလေးအတွင်းမှာ
Xing အကြောင်းကို စေ့စေ့စပ်စပ် တွေးမိနေတယ်။
Jun Myeon တကယ်ရိုးရိုးသားသားနဲ့ Xing ပုံက ချစ်
စရာကောင်းနေလို့ အမှတ်မထင်လုပ်လိုက်မိတာ။

ဒါပေမယ့်ခုကျမှ သူခိုးလူမိတဲ့ ခံစားချက်ကြီးက မဆီ
မဆိုင်ဝင်လာတော့ Jun Myeon မျက်နှာပူလာတယ်။

"ချီးကျူးတာမကြိုက်လဲနေပေါ့"

ကိုယ့်ဘာသာ ရှက်ယမ်းရမ်းပြီး အိပ်ရာခင်းတွေ ပြန်
ပြင်လို့ပြင်နဲ့ Jun Myeon ရဲ့ပုံစံကိုကြည့်ပြီး Xing
က ပြုံးရုံသာ ပြုံးနေပါတယ်။Xing က ကြမ်းပြင်ပေါ်
မှာအိပ်လေ့ရှိတာကြောင့် ဂွမ်းကပ်အခင်းထူထူကို
Jun Myeon အမြဲပြင်ဆင်ပေးဖြစ်တယ်။

Magugustuhan mo rin ang

          

တခါတလေ Jun Myeon ကြမ်းပြင်မှာပြောင်းအိပ်
ပြီး Xing က ကုတင်ပေါ် အိပ်ဖို့ပြောတုန်းကလည်း Xing က လက်မခံဘူး။Xing က Jun Myeon အတွက်
ချည်းပဲ ဦးစားပေးနေတာက တခါတလေ Jun Myeon
ကိုယ်တိုင်တောင် အားနာလာတယ်။

"အိပ်ရာခင်း မပြင်နဲ့တော့ Jun"

"ဟမ်...ဘာလို့လဲ"

"ကိုယ် မျက်နှာချင်းဆိုင်က အခန်းမှာ ပြောင်းအိပ်ဖို့
ပြင်ထားတယ်"

"ရုတ်တရပ်ကြီးပါလား Xing ဘယ်တုန်းက"

"အတွင်းရေးမှူးဂျန်း ပြင်ပေးခဲ့တာ၊ ကိုယ် ခဏနေရင်
အဲ့ကို သွားမှာ"

"Aww ဟုတ်လား...ဒါဆိုလည်း.... သွားလေ၊ Jun ဘာကူပေးရဦးမလဲ"

"ရတယ် Jun၊ ဘာမှမလိုတော့ဘူး"

မထင်မှတ်ပဲ နောက်ထပ် ထူးဆန်းမှုတစ်ခုကြုံရသလို၊
ရင်ထဲလည်း တမျိုးတော့ ဖြစ်သွားတယ်။စာအုပ်တွေ
သိမ်းပြီးနောက် Xing က မနက်အတွက် လိုအပ်တာတွေ
ပါပြင်ပြီးတော့

"Jun ကိုယ်မီးပိတ်ပေးခဲ့ရမလား"

"Aww ကျေးဇူးပဲ Xing"

မီးရောင်ပိတ်ကျသွားတဲ့နောက် တံခါးပိတ်ပြီးထွက်သွား
တဲ့ Xing ကို မမြင်ရတော့တဲ့အချိန်မှာ Jun Myeon
ကုတင်ပေါ်မှာ ထိုင်ရက်သား။အိပ်ချင်စိတ်လည်း မရှိ
သေးလို့ Jun Myeon ပြတင်းပေါက်နားက ဆိုဖာပေါ်မှာ
အကြောင်းအရင်းမရှိထိုင်နေမိတယ်။

နောက်ပြီး တနေကုန် သည်းခံထားရတဲ့ ခံစားချက်တွေကို လွှတ်ချခွင့်ပေးပြီး အသံတိတ်ပဲ ငိုကြွေးမိတော့
တယ်။စိတ်တွေက ညနေခင်းက အဖြစ်အပျက်ဆီပြန်
ရောက်သွားရင်း
.
.
.
.
"Hyungတို့ အတူပြန်စလို့ရပါတယ်၊ Jun Myeonie"

Jun Myeon ကျောပြင်ကို ပုတ်ပေးရင်း နွေးထွေးစွာ
ပြောနေတဲ့ Jae Won ရဲ့ စကားတွေက Jun Myeon
ရင်ထဲကို တိုးမဝင်လာတော့သလိုပဲ။Jun Myeon ကို
ထွေးပွေ့ထားပေးတဲ့ Jae Won Hyung ရဲ့ လက်တစ်စုံ
ဆီကနေ ဖယ်ထွက်လိုက်တဲ့အခါ နားမလည်နိုင်ဖြစ်နေတဲ့ မျက်ဝန်းတွေကို ခံစားချက်မရှိတဲ့ အကြည့်နဲ့ပဲ
Jun Myeon ပြန်တုံ့ပြန်ခဲ့တယ်။

"နောက်ကျသွားပြီ Jae Won Hyung, ဒီအချိန်မှ အရင်
လိုဆိုတဲ့ စကားက အမှိုက်လောက်တောင် အသုံးမဝင်
တော့ဘူး"

MY SHINING COMETTahanan ng mga kuwento. Tumuklas ngayon