15

1.6K 108 30
                                    

ZawGyi

ညဟာ ကြယ်ရောင်တွေနဲ့စုံလို့ သိပ်ကိုလှပလွန်းနေတယ်။ Jane ရောက်နေတာက အိမ်ရဲ့အပေါ်ဆုံးအထပ် ခေါင်မိုးထပ်မှာပေါ့။ Jane အပြင် Lalice ဆိုတဲ့ ကောင်မလေးရောပဲ။

ဖြစ်ပုံက ဒီလိုပါ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မ ဆေးရုံကနေဆင်းတော့ Jane ရဲ့ကားနဲ့ သူတို့ကို ပြန်လိုက်ပို့ပေးခဲ့တယ်။ မ လိုအပ်တဲ့ဝေယျာဝစ္စ အကုန်လုပ်ပေးခဲ့ပြီး အိမ်အပြန်လမ်းမှာ မတို့အိမ်နဲ့မလှမ်းမကမ်း ကားမှတ်တိုင်တခုမှာ ဆီးနှင်းဖျောက်တွေထဲ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့တယ်။ သေချာကြည့်မိတော့ Lalice ပါလား။ ဘေးမှာလဲ အထုပ်အပိုးတွေနဲ့။

*ဒီလောက်နှင်းတွေကျနေတာကို ဒီကလေးမ ဘာဖြစ်လို့များဒီတိုင်းထိုင်နေရတာလဲ*

စိတ်မှရေရွတ်ရင်း ကားကိုလမ်းဘေးထိုးရပ်ကာ သူ့ဘေးနားပြေးဆင်းသွားလိုက်တော့တယ်။

Jane - Hey Lice, ဘာထိုင်လုပ်နေတာလဲကွ၊ ဖျားတော့မှာပဲ ဆီးနှင်းတွေကျနေတယ်လေ၊ လာ လာ Unnie ကားပေါ်တက်။

ကိုယ့်အသံကြားလို့ထင်တယ် မော့ကြည့်လာတဲ့ ထိုကောင်မလေး၊ မျက်ရည်စတွေကြားကနေ ကြိုးစားပြုံးရှာတယ်။

Lice - Unnie Jane

ခပ်အက်အက် အသံလေးနဲ့ ခေါ်ရှာတယ်။ ဘာတွေဖြစ်နေတယ် မသိပေမယ့် သေချာတာက Rosè နဲ့ တိုက်ရိုက်ပတ်သက်မှာပါ။ အချစ်ဟာ အပြုံးတွေကိုဖန်တီးတတ်သလို၊ မျက်ရည်တွေကိုလဲ ဖန်တီးတတ်စမြဲမဟုတ်လား။

Jane - လာ Unnie တို့သွားရအောင်၊ ဆီးနှင်းတွေကျနေတာ ကြာရင်ဖျားလိမ့်မယ် Lice၊ ပြန်ရအောင် မင်းဘယ်မှာနေတာလဲ Unnie ပြန်လိုက်ပို့ပေးမယ်။

Jane စကားအဆုံးမှာ အက်ကွဲစွာ အော်မြည်ရေရွတ်လိုက်တဲ့ သူမ။

Jane - Unnie စကားထဲမှာ ရယ်စရာများပါသွားလို့လား

Lice - မဟုတ်ရပါဘူး Lice ဘယ်မှာနေတာလဲ မေးလို့ပါ ဘယ်မှာနေတာလဲဆိုတော့ လက်ရှိကတော့ Unnie မြင်တဲ့အတိုင်းပါပဲ ခြေသလုံးအိမ်တိုင် ဆိုပါတော့လေ

သူ့ဘေးကအထုပ်တွေကိုလက်ညှိုးလေးထိုးရင်းပြောပြတာမို့ အနည်းငယ်သဘောပေါက်သွားပါတယ်

Sad Song ( Unicode + Zawgyi )Where stories live. Discover now