2

1.9K 147 5
                                    

Zawgyi
________

မိုးလင်းတော့ မျက်လုံးနှစ်လုံးကို ဖွင့်လိုက်တယ်။ 
အောက်ထပ်မှာ ဆူညံဆူညံ ကြားနေရတာမို့ ၊ မ များ ပြန်လာခဲ့တာလား ဆိုတဲ့ ရူးကြောင်ကြောင် အတွေးနဲ့
ပြေးဆင်းကာ ကြည့်လိုက်မိတော့ မဟုတ်ခဲ့ပါဖူး။ Jen တို့ မိသားစုဝင် အပြင်
မ ရဲ့ မိသားစုဝင်တွေနဲ့အတူ ဧည့်ခန်းမှာ
ထိုင်နေခဲ့တဲ့ လူတစ်ယောက်။

"Aww သမီးလေး ဆင်းလာပြီပဲ၊ သမီးခဏလာအုံး "

Jen ကို တွေ့တာနဲ့ Omma က လှမ်းခေါ်လိုက်တာမို့ Jen လဲ ထိုဧည့်ခန်းကို
လျှောက်သွားလိုက်တယ်။ အနားရောက်တော့ ထိုလူမှ

" မင်္ဂလာပါ သမီး၊ ဦးနာမည် Mino ပါ။ ဦးက သမီး Kim Jisoo ရဲ့ အမှု့ဆောင်
ရှေ့နေတစ်ယောက်ပါ။ "

မ ရဲ့ ရှေ့နေတဲ့ မ ရဲ့။
Jen ဆီ ဘာလုပ်လုပ်တယ် Jen မသိဖူး။

" Aww ဟုတ်ကဲ့ ဘာကိစ္စများ ရှိလို့လဲရှင့် "

ထိုလူမှ File တစ်ခု ကိုဖွင့်လိုက်ကာ

" Kim Jisoo ရဲ့ သေတမ်းစာ အရ
သူကိုယ်တိုင်ရှာဖွေခဲ့တဲ့ သူ့လက်နဲ့
တည်ထောင်ခဲ့တဲ့ JJ Company နဲ့
ဟော့ဒီ ဂျယ်ဂျူ ကျွန်း က သူဝယ်ထားခဲ့တဲ့
အိမ်ခြံမြေ ကို ချန်ထားပေးခဲ့ပါတယ်။ "

မ ဘာတွေလုပ်ခဲ့တာလဲ။ မ မိသားစုအတွက်
မဟုတ်ပဲ ဘာလို့များ Jen အတွက်တဲ့လဲ။

အတွေးမဆုံးသေး ထို လူမှ

" သြော် သူ့မိသားစု တစ်ယောက်ချင်းစီ အတွက် သူ့ပိုင်ဆိုင်မှု့တစ်ခုချင်းစီ လွှဲပေးခဲ့ပါသေးတယ်။ အကိုဖြစ်သူ Kim Kai အတွက် KJL Company အပါအဝင် ရင်းနှီးမြှုပ်နှံငွေတွေ။ ညီမဖြစ်သူ
Kim Lisa အတွက်တော့ Giant Hotel
အပါအဝင် ဘူဆန်ဘက်က အိမ်တစ်လုံး။
အမေဖြစ်သူ Kim Jay အတွက် လက်ရှိနေတဲ့ အိမ်အပါအဝင် ကျန်ရှိတဲ့ ပိုင်ဆိုင်မှု့အားလုံးကို အချိုးကျပေးဝေသွားခဲ့ပါတယ်။
ပရိဘောဂဆိုင်နဲ့စားသောက်ဆိုင်ကိုတော့ Omma ကို ဦးစီးစေချင်ပါတယ်တဲ့။ အဲ့က ရတဲ့ အမြတ်တွေကို သူလှူ ဒါန်းထောက်ပံ့နေကြ မိဘမဲ့ကျောင်း၊ ဘိုးဘွားရိပ်သာ၊
ဆေးရုံတော်တော်များများ အပါ ပရဟိတ
လုပ်ငန်းတိုင်းအတွက် လှူဒါန်းပေးဖို့ မှာသွားခဲ့ပါတယ်။ "

Sad Song ( Unicode + Zawgyi )On viuen les histories. Descobreix ara