12

1.2K 121 16
                                    

Zawgyi

အိမ်ကနေသာ ထွက်လာခဲ့တာ Jane ဆိုတဲ့
ကောင်မလေးကို မြင်တိုင်း
Chu ရဲ့ နှလုံးခုန်သံတွေဟာ မငြိမ်သက်ခဲ့ပါ.. ဘာကြောင့်မှန်းတော့ သေချာမသိခဲ့...

ချစ်နေတာလား လို့ တွေးမိပြန်ရင်လဲ...
သူနဲ့ကိုယ်နဲ့ တွေ့တာဖြင့် ဘယ်လောက်မှ
မကြာသေး...

ဒါပေမယ့် စိတ်ထဲမှာတော့ သူ့ကို မြတ်နိုးနေမိသည်။ သူ့အပေါ် တစ်စုံတစ်ရာ နာကျင်စေခဲ့သည်မို့ ပြန်လည်ပေးဆပ်ရမည် ဟုသာ စိတ်ထဲမှာ ဖြစ်နေမိသည်။ သို့ပေမယ့် ဘယ်လိုအရာနှင့်မျှ နာကျင်အောင် မပြုလုပ်ခဲ့သည်မှာ အမှန်ပင်...။
အတိတ်ဘဝ ကိုသာ ယုံကြည်ရရင်ဖြင့် ဘဝ
တစ်ခုခုမှာ နာကျင်စေခဲ့သည်လား ကိုယ်သေချာမသိတော့ပါ....။

ကိုယ်ချစ်နေတယ် ဆိုရင်တောင် ဒီလို အဖြစ်မျိုးနဲ့တော့ ကိုယ်ချစ်တဲ့လူကို မထားနိုင်ပါ...။
ဒီ့ထက်မက အလုပ်တွေ ပိုကြိုးစားကာ
သူ့အတွက် ရပ်တည်တော့မှာတော့ သေချာပါသည်...။
အဲ့တာကြောင့် ကိုယ့်စိတ်ကိုယ် သေချာသိဖို့ လိုနေပြီလေ...။

Yeri - Chu ဘာတွေငိုင်နေတာတုန်း

Chu - ငိုင်တာတော့ မဟုတ်ဖူးဟ..
လူတစ်ယောက်က အတွေးထဲကို စိုးမိုးထားပြီ ဆိုရင် ငါအဲ့လူကို ချစ်နေမိပြီလို့ ပြောလို့ရလား...

Yeri - အံမယ်... အလုပ်သရဲမ က
အချစ်အကြောင်းတွေ တောင် တွေးလို့ပါလား..။ ပြောလို့ရလား ဆိုတော့ ရပါတယ် ဒါပေမယ့် အတွေးထဲမှာ အမြဲပေါ်တိုင်းလဲ ချစ်တယ်လို့
ခေါင်းစဉ်တပ်လို့ မရပြန်ဖူးဟ....

Chu - နင် ဘာကိုဆိုလိုတာလဲ

Yeri - ဟုတ်တယ်ဟ အတွေးထဲ အမြဲပေါ်တိုင်း လဲ အချစ်မဟုတ်ဖူး... စွဲလန်းမှု့လဲ ဖြစ်နိုင်တာပဲလေ...

Chu - ငါ ဘယ်လိုလုပ်ရင် သိနိုင်မလဲ ...
အချစ်လား စွဲလန်းမှု့လား ဆိုတာကို

Yeri - နင် စိတ်ကို ထိန်းချုပ်ရမယ်...
အတတ်နိုင်ဆုံးထိ ချုပ်ထိန်းထား...
အဲ့လို စိတ်ခံစားချက်ကို ချုပ်ထိန်းလိုက်တဲ့အခါ အမှားအမှန် ကွဲကွဲပြားပြား သိလာလိမ့်မယ်... အဲ့တာက အချစ်မှမဟုတ်ဖူး ဘယ်အရာကိုမဆို အဲ့လိုပဲ...

Sad Song ( Unicode + Zawgyi )Where stories live. Discover now