11

1.1K 127 8
                                    

Zawgyi

ခဏကြာတော့ Rosè ပြန်ရောက်လာခဲ့တယ်။

" ပြန်ရောက်ပါပြီ... ဟင်... Unnie Jane က ဘယ်လိုလုပ်ပြီး..."

" အင်း ဒို့ လာလည်တာလေ "

" ကဲ Rosè လဲ ပြန်ရောက်လာပြီ ဆိုတော့ စကားပြောကြအုံးပေါ့ ကိုယ် အလုပ်သွားဖို့အချိန်နီးပြီမို့ ခွင့်ပြုပါအုံး Ruby Shi "

Jane နဲနဲ ကြောင်သွားတယ် ၊ ဒီနေ့က Sunday လေ နောက်ပြီး ညနေစောင်းကြီးကို...

" အမ် ညနေ ၄နာရီတောင်ရှိပြီ ၊ နောက်ပြီး ဒီနေ့က Sunday မဟုတ်လား "

" Unnie က ညနေပိုင်းဆို ဈေးထွက်တယ်လေ ၊ သူ့သူငယ်ချင်း သုံးယောက်နဲ့ အတူတူ "

" ကဲ Unnie သွားတော့မယ် Rosè ၊ ထမင်း ဟင်း အကုန်အဆင်သင့်ပဲ ၊ ပြန်နွှေးပြီးတော့မှ စားနော် ၊ စောင့်မနေနဲ့အုံး အိမ်တံခါးကို သေချာ ပိတ်နော် ဘယ်သူလာလာ မဖွင့်ပေးနဲ့ ၊ စိတ်ချမယ်နော် Rosè "

" Unnie ကလဲ Chaw က 23 ထဲရောက်နေပါပြီနော် ကလေးမဟုတ်တော့ဖူး ၊ ဘာမှမပူနဲ့ စောစောပြန်ခဲ့နော် ၊ လောဘကြီးမနေနဲ့အုံး "

" အေးပါကွာ ငါ့မျက်လုံးထဲတော့ နင်က ကလေးပဲ ၊ ကဲ သွားပြီဟေ့ ဟိုသုံးကောင် အိမ်ရှေ့ရောက်နေပြီ။ Ruby Shi သွားလိုက်ပါအုံးမယ် နောက်မှ တွေ့ကြတာပေါ့ "

" အာ Nae... "

ပြေးထွက်သွားတဲ့ နောက်ကျောလေးကို လိုက်ကြည့်ရင်း မြင်ကွင်းထဲမှ ဖြေးဖြေးချင်း ပျောက်သွားလေသည်...

➖➖➖➖

" သူက ဘာအလုပ်လုပ်တာလဲဟင် Rosè "

" ဟူးးး Unnie Chu က သိပ်သနားဖို့ကောင်းတယ် Unnie ရဲ့ ။ ဘဝ ရဲ့ ဒဏ်ချက်ကို ခါးစည်းခံပြီး ညီမကို ပျိုးထောင်ပေးခဲ့တာ ညီမ အသက် ၁၃ နှစ်ကတည်းက ဆိုပါတော့ "

" ဘလို "

" ဟုတ်တယ် ၊ Rosè အသက် ၁၃ နှစ်မှာ မိဘတွေ ကွဲကြတယ်လေ Omma ကလဲ နောက် အိမ်ထောင်ပြု ၊ Appa ကလဲ နောက်အိမ်ထောင်ပြု သွားကြတယ်။ Omma နဲ့ တလှည့် ၊ Appa နဲ့ တလှည့် နေကြပေမယ့် အဆင်မပြေပါဖူး Unnie ရယ်။ ပထွေးကလဲ သမီးပျို တွေ ဆိုတော့ အမေ လစ်ရင် လစ်သလို မထိတထိ စ ချင်တယ်။ ပထွေး ဒဏ်ကြောက်လို့ အဖေ အရင်းနဲ့ သွားနေကြပြန်တော့လဲ မိထွေးက နှိပ်စက်တယ် ။ အဖေ့ကို အမျိုးမျိုးသွေးထိုးတယ် ။ အဖေကလဲ သူ့မိန်းမ တစ်မျက်နှာပဲ ကြည့်တယ်လေ ၊ သမီး တွေကို ပိုက်ဆံ အနည်းငယ် ပေးပြီး နှင်ထုတ်ခဲ့တယ်။ အမေ နဲ့ရော အဖေနဲ့ပါ နေလို့ မရခဲ့ဖူး အဲ့မှာ Unnie က ကျောင်းထွက်ပြီး အချိန်ပိုင်းအလုပ်တွေ ဇယ်ဆက်သလို လုပ်ခဲ့တယ်... ဒီအခြေအနေရောက်တဲ့အထိ သူ့ချွေးသူ့သွေးနဲ့ ကိုယ်တိုင် တည်ထောင်လာခဲ့တာ "

Sad Song ( Unicode + Zawgyi )Where stories live. Discover now