5

1.1K 120 9
                                    

Zawgyi

အိမ်ထဲရောက်တော့ ပုခက်သေးသေးထဲမှာ
အိပ်နေတဲ့ တစ်နှစ်အရွယ် ကလေးပုစိလေး။

" လာ ညီမတို့ ၊ ထိုင်အုံး ။ အမ ကော်ဖီသွားဖျော်လိုက်မယ် "

" ဟာ မဟုတ်တာ ရပါတယ် မလုပ်နဲ့ အမ "

" ရပါတယ် ထိုင်နေပါ။ ခဏလေး "

Jen တို့ထိုင်နေတုန်း အန်တီကြီးက မုန့်တွေနဲ့ ကော်ဖီ နဲ့ နွားနို့ တွေ လာချပေးခဲ့သည်။

အပေါ်ထပ်ကနေ တစ်ယောက်ယောက် ဆင်းလာတဲ့ အရိပ်အယောင် မျက်လုံးထဲ ဖျက်ခနဲမြင်လိုက်တာမို့ စားနေရင်း မော့ကြည့်မိလိုက်တော့ မြင်လိုက်တာက အသည်းပုံနှုတ်ခမ်းလေးနဲ့ အပြုံးချိုချို လေး။ Oppa နဲ့ အသက်တူတူလောက် ရှိပုံပေါ်တဲ့ နောက်ထပ်အမကြီးတစ်ယောက်။

" သြော် သမီး JiJi လာအုံး မိတ်ဆက်ပေးမလို့ "

အဲ့ အမကြီး အနားကို ရောက်လာခဲ့သည်။

" ညီမ Bom ဒါက အမ သမီး အလတ်မ Kim Jisoo တဲ့။ ပုခက်ထဲက ပေါက်စ က အငယ်ဆုံး Kim Lisa။ စောနက သားကြီးကတော့
Kim Kai။ အမျိုးသားကတော့ Kim Jiyoung။ "

" ဟုတ်ကဲ့ အမ။ အကြီးလေးနဲ့ အလတ်လေးက အသက် သိပ်မကွာသလိုပဲနော်။ "

" အင်း ဟုတ်တယ်ညီမ။ အကြီးကောင်က ၁၃နှစ်လေ ၊ အလတ်မက ၁၀နှစ် ၊ အငယ်ဆုံးလေးကတော့ ခုမှ ၁နှစ်ခွဲ။ "

" ဟယ် JiJi လေးနဲ့ အိမ်က အကြီးကောင် အသက်တူတူပဲ။ အလတ်မက ၅နှစ် ၊ Chae လေးက ၂နှစ် "

➖➖➖➖➖

" ညီမလေး Jen Jen..... Jen လေး ထအုံး "

လာလှုပ်နိုးနေတဲ့ ကိုကို ကြောင့် အတိတ်ထဲမှ နိုးလာကာ လက်ရှိဘဝထဲသို့.....🦋

ဘယ်သူ့ကိုမှ စကားပြောချင်စိတ်ဟာ မရှိတာမို့ အိပ်ချင်ယောင်သာ ဆက်ဆောင်နေလိုက်တော့တယ်။

" ကိုကို Unnie က ငိုနေရင်း မောပြီး အိပ်ပျော်သွားပုံရတယ်။ မနှိုးပါနဲ့တော့ သူနားပါစေ "

" အေးပါကွာ ကိုကို မနှိုးတော့ပါဖူး။ ဒါပေမယ့် ဒီတိုင်း အိပ်နေရင် သူညောင်းနေလိမ့်မယ်၊ Chae လေး ကိုကို့ကို ကူအုံး ။ သူ့ကို အိပ်ယာထဲရွှေ့ပေးခဲ့ဖို့။ "

Sad Song ( Unicode + Zawgyi )Où les histoires vivent. Découvrez maintenant