Zawgyi
မိုးတိမ်တွေဟာ တောင်ဘက်ခြမ်းဆီကနေ ညှို့မဲပြီး တိမ်စိုင်မဲတွေ တဖြေးဖြေးတက်လာပြီ မ....
လျှပ်စီးသံတွေဟာ တဂျိန်းဂျိန်းနဲ့ ကြောက်စရာပါလား...
အသံတွေကြောင့် အိပ်နေရာကနေ လန့်နိုးလာခဲ့တယ်..
နာရီ ကို တချုက် ကြည့်မိတော့ ညနေ ၄ နာရီ ခွဲတိတိ....
မ ဟိုးအရင်က ပြောဖူးခဲ့တဲ့ ဒဏ္ဍာရီ လေးရှိတယ်နော်... မိုးတွေရွာချိန် မိုးခြိမ်းသံဟာ မ ရဲ့ ရင်မှာ ကြောက်စိတ်တွေ ဝင်မိတယ်ဆို...ကောင်းကင်ကို မော့ကြည့်တော့ အဆင်မပြေတော့ဖူး မ..
ရင်တွေတောင် ပူပင်လာပြီ.. မ တစ်ယောက် ကြောက်နေရှာတော့မှာ...
အရင်က ဘေးမှာ ရှိတိုင်း ရင်ခွင်ထဲ တိုးဝင်နေကြ မ က အခု ဘယ်သူမှ မရှိတဲ့ အရပ်မှာ တစ်ယောက်တည်း.... အေးစက်နေတဲ့ မြေကြီးထဲမှာ လဲလျောင်းနေတာ မိုးနတ်မင်းကြောင့် မ ပိုအေးနေတော့မှာ....မဖြစ်တော့ဖူး ဆိုတဲ့အသိနဲ့... ကျွန်မ ချက်ချင်းပဲ အိမ်ကနေ ကားသော့ နဲ့ ထီးကို ကောက်ဆွဲကာ အပြေးကလေး သွားလိုက်မိတယ်... ချစ်သူရှိရာဆီသို့ ဦးတည်လျှက်
ကားကို မ လဲလျောင်းရာ မြေမှာရပ် လိုက်ကာ ကားထဲမှ ထီးကိုဆွဲလျှက် မ ရဲ့ အုတ်ဂူလေးပေါ်ကို အုပ်မိုးပေးလိုက်တယ်....
" မ မကြောက်နဲ့နော် Jen ရှိတယ်နော်... Jen ရောက်ပြီ နော် မ... Jen ဖက် ထားမယ် မကြောက်နဲ့တော့နော်... "
ပြောရင်း မ ရဲ့ အုတ်ဂူ ဖြူ ဖြူ ကို မှီသလောက် လက်နဲ့ ဖက်ထား လိုက်တော့သည်....
ဆောင်းပေးထားတဲ့ ထီးလေးဟာတော့ အောက်ကို ပြုတ်ကျလျှက်....မှီသလောက် ရင်ခွင်ထဲ အုတ်ဂူလေးကို ထွေးပွေ့ထားရင်း မိုးရေစက်များ မိုးခြိမ်းသံများ ကို အံတုကာ အတွေးများဟာ အတိတ်နေ့ရက်များဆီသို့.....
🦋🦋🦋
ကျွန်မ အထက်တန်းရောက်တော့ မ ဟာ စီးပွားရေးဘွဲ့တစ်ခုပင် ရပြီး Master ပင် ဆက်တက်နေလေပြီ... အားတဲ့ အခါ Jen ရယ် Chae လေးရယ် Lisa လေးရယ်ကိုတော့ အကို Kai,
ကိုကို နဲ့ မ တို့က တစ်ယောက်တစ်လှည့်ဆီ တာဝန်ယူကာ စာပြပေးလေသည်။တရက် မ စာပြပေးတဲ့ အလှည့်မှာတော့ မိုးတွေဟာ ထစ်ချုန်းစွာ ရွာသွန်းလျှက်
YOU ARE READING
Sad Song ( Unicode + Zawgyi )
Fanfictionကံကြမ္မာဖန်လာခဲ့ရင် လူတွေဟာ ဘာမဆို ရင်ဆိုင်ကြရတာသဘာဝပဲ ကလေးရဲ့........ Jisoo ကံကြမ္မာဖန်လာခဲ့ရင် လူတွေဟာ ဘာမဆို ရင်ဆိုင်ကြရတာသဘာဝပဲ ကလေးရဲ့........ Jisoo မ You're my only one....... Jennie