1

6.3K 200 16
                                    

Zawgyi
________

ကြားလေသွေးလို့ ဝေးခဲ့ကြတာမဟုတ်ပဲ ၊
ကံကြမ္မာ ဟာ လှလှ ပပ ဖန်တီးသွားလို့
မစခင်မှာပဲ အဆုံးသတ်သွားရတဲ့ ပုံပြင်လေး
တစ်ပုဒ်။  အချစ်ပုံပြင် လို့ မဆိုနိုင်လောက်တဲ့ 
ပုံပြင်လေး တပုဒ်

မိုးစက်လေးတွေဟာ ဖွဲဖွဲ ကျနေတဲ့ အချိန်မှာ
ငြိမ်သက်စွာ အနားယူနေခဲ့တဲ့ ရုပ်ကလပ်လေးတခုဟာ အိပ်နေသလားတောင် မှတ်ရပါတယ်။

မ ရယ် ဘာလို့ ဘာမှ မပြောခဲ့တာလဲ။ ဘာလို့ ဘာမှ မဖြစ်သလို နေနိုင်ခဲ့ရတာလဲ။ မ ဟာလေ ဟိုးငယ်ငယ်လေးတုန်းက အတိုင်းပဲ
နော်။ အရမ်းသိုသိပ်တတ်လွန်းတယ်။ အသည်းပုံနှုတ်ခမ်းလေး ဟာ ပြုံးနေသလိုပဲ။  

ပန်းတွေအများကြီးကြားမှာ သိပ်လှနေတာပဲ။
ပျော်နေလားဟင်၊ နာကြင်မှု့တွေ ဝေးပြီဆိုတော့ ပျော်နေလောက်မှာပါ။ မငိုချင်ဖူး မ ရယ်။
မျက်ရည်တွေကို တော်တော်ကြီးကို ချုပ်ထိန်းထားရတယ်။ မ သက်သက်သာသာ သွားပါ။

ရုပ်ကလပ် လေးဟာ ဖြေးဖြေးချင်း တူးထားတဲ့ မြေကြီးတွင်းထဲကို ဝင်သွားခဲ့ပြီ။
မြေကြီး ထဲရောက်တာနဲ့ အခေါင်းပေါ်ကို
မြေသား တွေဟာ ဖြေးဖြေးချင်း ဖုံးလွှမ်းသွားခဲ့တယ်။

ထိန်းထားခဲ့ပေမယ့်လည်း မ ကိုလေ မြေကြီးထဲ ထည့်မြုပ်နေတဲ့ မြင်ကွင်းကို မြင်လိုက်တာနဲ့
တပြိုင်တည်း Jen ကမ္ဘာကြီး ပြိုလဲခဲ့သလိုပဲ။

Jen - မ မဟုတ်ဖူး။ မ မသေဖူး။ မလုပ်ကြပါနဲ့။ မြေကြီးထဲကို မပို့ကြပါနဲ့။ မ မသွားပါနဲ့ မ ရယ် ။ မထားခဲ့ပါနဲ့။ Jen ကြောက်တယ် မရဲ့။ မ မရှိတဲ့ ကမ္ဘာကြီးထဲ တစ်ယောက်တည်း လျှောက်ရမှာကို Jen ကြောက်တယ်။ အဲ့တာကြောင့် မထားခဲ့ပါနဲ့နော် မ........

Chae - Unnie စိတ်ထိန်းလေ။ Unnie ရယ်
စိတ်ထိန်းပါနော်။

Li - Unnie ရယ် စိတ်ကို ထိန်းထားပါ။ မကြည့်နဲ့ ဒီဘက်ကို လှည့်နေနော်။

Jen - ဟင့်အင်း ဟင့်အင်း။ မလှည့်ပါရစေနဲ့၊
ကြည့်ပါရစေ။ နောက်ဆုံးအကြိမ် ၊ နောက်ဆုံးအကြိမ် နောက်ဆုံးအကြိမ် မြင်ခွင့်ရမှာလေ။
ငါကြည့်ပါရစေ။

Sad Song ( Unicode + Zawgyi )Where stories live. Discover now