6

1.1K 110 7
                                    

Zawgyi

မနက်ဖြန် ဆိုရင်လည်း လွမ်းရအုံးမယ် မ...
အရင်က ပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်ရင်းနဲ့လဲ ရူးတော့မယ်.... ထားသွားသူဟာ ဘာဆိုဘာမှ မသိပေမယ့် ၊ ကျန်ရစ်သူဟာ ရူးမတက်ပါပဲ...

တမ်းချင်းတွေဟာ လွမ်းခြင်းတွေနဲ့ ထပ်တူကြတယ်တဲ့.... ဒီနေ့တော့ မ နဲ့ အမြဲတမ်း သွားခဲ့တဲ့ လမ်းအဆုံးက ရေကန်လေးဆီ တစ်ယောက်တည်း ထွက်လာခဲ့လိုက်တယ်... မ နဲ့ အတူတူ ဆောက်ထားခဲ့တဲ့ ထိုင်ခုံလေးဟာ ခုထိတိုင် ရှိနေဆဲပါပဲ၊ မပြောင်းလဲခဲ့ပါ....

Jen ရဲ့ဘေးကနေ ပြေးလွှားနေခဲ့တဲ့
ကောင်မလေးနှစ်ယောက်ရဲ့ ပုံရိပ်လေးနှစ်ခုဟာ ဖြတ်သန်းသွားသယောင်ယောင်၊ Jendeukie ဆိုတဲ့ အသံဟာ နားထဲမှာ ပဲ့တင်သံပမာ ကြားယောင်လျှက် ၊ ကျွန်မလေ အဲ့ဒီ ခုံတန်းလေးဆီကို လျှောက်သွားခဲ့လိုက်တယ်။ ထို ခုံတန်းလေးမှာ ထိုင်လိုက်ပေမယ့်လဲ ဘေးမှာ အမြဲတမ်းပါနေကြ နေရာလေးတခုဟာတော့ လစ်ဟာလျှက်.....

မ ရဲ့ ဒုတိယ တိတ်ခွေလေးကို ကတ်ဆက် အသေးလေးထဲ ထည့်လိုက်ရင်း ရေပြင်ကျယ်ကို ငေးကာ နားကြပ်တပ်ပြီး နားထောင်လိုက်တယ်။

" ကလေးရေ ကိုယ်ဒီနေ့ ဒုတိယအကြိမ် အသံသွင်းဖြစ်တာ။ အင်း...... ကိုယ်တွေးမိနေတယ် သိလား ၊ ဒီအသံဖိုင်ကိုနားထောင်နေတဲ့အချိန်မှာ ကိုယ့်ကလေးလေးက ဘယ်လိုများဖြစ်နေမလဲပေါ့.... ကိုယ့်အသံကိုကြားရလို့ပဲပျော်နေလေမလား ဒါမှမဟုတ်ရင် ကိုယ့်ကိုလွမ်းလို့များ ငိုနေမလား...."

Jen မျက်နှာထက်က မျက်ရည်တချို့ဟာ နွေးခနဲ....

" ဒီနေ့ နှင်းတွေကျနေတယ် ကလေးရဲ့။ ဒီအသံဖိုင်ကိုနားထောင်နေတဲ့အချိန် ရာသီဥတုကရော ဘယ်လိုဖြစ်နေမလဲမသိဖူးနော်၊ ကိုယ်သိချင်မိသား၊ နေရောကောင်းရဲ့လား။ "

အင်း ရာသီဥတုက သာယာပါတယ် မရယ်။ နေကတော့ကောင်းပါရဲ့ စိတ်ကလွဲရင်တော့ အရာရာ ပုံမှန်တိုင်းပါပဲ...

" ကိုယ်လေ တညလုံး စဉ်းစားခဲ့တယ်။ ၆လ ကြာအောင် အသံသွင်းဖို့ ကိုယ်ဘာတွေပြောရမလဲပေါ့။ "

မ ဘာပြောပြော ကျွန်မ နားထောင်မှာပါ.... မ အသံကြားနေလို့သာ ကျွန်မ ဟာ ဒီကမ္ဘာမှာ အသက်ဆက်ဖို့ အဆင်ပြေနေတာမို့လို့.....

Sad Song ( Unicode + Zawgyi )Where stories live. Discover now