Part 17

471 56 12
                                    

               Unicode

နေရောင်ခြည်နုနုတို့က အခန်းပြတင်းမှန်တို့မှတစ်ဆင့် ချင်းနင်းဝင်းရောက်ကာ ပန်းနုရောင်သွေးကြောလေးများယှက်ဖြာနေသော ဖြူလွှလွှမျက်နှာလေးပေါ်သို့ ကျဆင်းလာတာကြောင့် မျက်တောင်တိုစိတ်စိတ်တို့ လှုပ်ခပ်လာသည်။

လက်ကိုအသာဆန့်ကာ ဘေးနားကိုစမ်းကြည့်တော့ အေးစက်စက်အိပ်ရာကိုသာစမ်းမိသည်။Jinအိပ်ယာမှစောစောထသွားချေပီ။Yoongiလဲ အပျင်းကြောဆန့်ကာ အိပ်ရာမှ ထရန်ပြင်လိုက်သည်။

YG : ဝှားးး

လက်၂ဖက် အပေါ်ကိုဆန့်တန်းကာ သန်းဝါးပီး အပျင်းကြောဆန့်နေစဉ်...

Jin : Yoongiရေ! Yoongi အမြန်လာ..လာကြည့်ပါဦး ဟောဟဲ ဟောဟဲ

အောက်ဆုံးထပ်ကနေအပေါ်ဆုံးကိုအပြေးတက်ပီးအခန်းတံခါးကိုစောင့်ဖွင့်ကာ ဟောဟဲဆိုက်ပီး အသည်းအသန်အော်လာသော Jinကြောင့် Yoongi ခမျာ ကုတင်ပေါ်ကဝုန်းခနဲ ဆင်းကာ အခန်းတံခါးပေါက်မှာ ရပ်နေသောJinဆီ အပြေးသွားရသည်။

YG : ဟေ!ဟေ! ဘာဖြစ်တာလဲ Jinရ ပြောပါဦး။

Jin : TVမှာ သတင်းလာနေတယ် အဲ့မှာ..အဲ့မှာ

အခုထိ အမောဆိုက်ကာ အသက်ကိုမနဲရှူနေရသောJinကို နဲနဲမှ အရေးမလုပ်ဘဲ သူ့ရဲ့မနက်ခင်းလေး အလန့်တကြားဖြစ်လို့ မျက်နှာကြီးဆူပုတ်ကာ Yoongiကပြန်ပြောလိုက်သည်။

YG : မနက်ခင်းပဲ သတင်းလာတာ ဘာဆန်းလို့လဲ။

Jin : အဲ့တာမဟုတ်ဘူး ဟာ...ပြောနေကြာတယ် လာလိုက်ခဲ့။

အိပ်ချင်မူးတူးနဲ့Yoongiကို ရှင်းပြနေရင် လိုရင်းမရောက်တော့ဘဲ သတင်းလဲလွတ်တော့မည်။အဲ့တာကြောင့် Jin စိတ်မရှည်ဘဲ Yoongiကို လက်ကဆွဲကာ အောက်ထပ် ဧည့်ခန်းထဲက TVရှေ့သို့အမြန်ဆွဲခေါ်လာခဲ့သည်။Jinမေ့နေတာကာ YGအခန်းထဲတွင် TVရှိသည်ဆိုတာပင်။

YGသာ Jinခေါ်ရာနောက်သို့ အိပ်ချင်မူးတူးဖြင့် ဘုမသိဘမသိ လိုက်လာခဲ့ရသည်။

TVရှေ့ရောက်တော့...

သတင်းကြေငြာသူ : အခုဆိုရင်ဖြင့် Min Jae Yuuဟာ လွန်ခဲ့တဲ့ ၁၅နှစ်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုမိသားစုကို လုပ်ကြံသတ်ဖြတ်ပီး ယခုအချိန်ထိ ဖခင်ဖြစ်သူနဲ့ ပြည်သူများကိုလိမ်ညာခဲ့ကြောင်း မနေ့ကညကJapan နိုင်ငံ၊တိုကျိုမြို့မှာ ကျင်းပတဲ့ JH groupရဲ့partyပွဲတွင် ဝင်ခံလိုက်ပီး ယခု seoulကိုပြန်ရောက်ကာ seoul တရားရုံးတွင် တရားစွဲဆိုမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု သိရပါတယ်။ဆက်လက်ပီး...

I'm your Guardian AngelWhere stories live. Discover now