Part_20

381 58 26
                                    

      #Zawgyi

'လွမ်းလိုက်တာ ဦးငယ်ရယ်...´
YGဒီစကားကိုပြောနေတာ ဒီနေ့တစ်မနက်တည်းတင် အခါ၃၀လောက်ရှိနေပီဖြစ်သည်။စိတ်ထဲကနေ ရေရွတ်တာကမပါသေး။

သူ Min အိမ်တော်ကို ရောက်တာ ၁ပတ်ပင်ရှိခဲ့ပီ။အဲ့၁ပတ်အတောအတွင်း ဦးငယ်နဲ့သူ တစ်စက္ကန့်လေးတောင် အပြင်မှာ မတွေ့ရသေးပါ။phဆက်ပီးတော့သာ စကားပြောဖြစ်ကြသည်။
ဦးငယ် တကယ်ပဲနေနိုင်လွန်းပါသည်။ဒီနေ့ရုံးပိတ်ရက်ဖြစ်တာတောင် သူ့ကိုလာမတွေ့ပါ။ရုံးကအလုပ်တချို့မပီးသေးလို့ လုပ်ရဦးမယ် တဲ့လေ။သူ့ကိုတွေ့ဖို့လာတဲ့နေ့မှ စိတ်အကြီးအကျယ်ကို ကောက်ပြဦးမည် ဟုသာ YG တေးထားလိုက်သည်။

ဦးငယ်နဲ့ phနဲ့ပဲစကားပြောနေရတာကို YG ငြီးငွေ့လာပီ။အရင်လို မျက်နှာချင်းဆိုင်ထိုင်ပီး တွေ့ချင်သည်။ဦးငယ်ရဲ့မျက်နှာကိုပဲ တစ်စိမ့်စိမ့်ကြည့်ချင်နေမိသည်။ဦးငယ်ရဲ့မျက်နှာကို အသေးစိတ်လေးတွေကစ လိုက်ကြည့်ပီး မှတ်ဉာဏ်ထဲမှာ အလွတ်ရတဲ့အထိ၊ ဦးငယ်ရဲ့ ပုံစံတူပန်းချီကို မျက်စိမှိတ်ပီး ဆွဲလို့ရတဲ့ YGရဲ့ မှတ်ဉာဏ်ထဲမှာ သေချာသိမ်းထားပေမဲ့
ဦးငယ်ရဲ့ မျက်နှာချောချောခန့်ခန့်ကြီးကို သူဘယ်လောက်ပဲကြည့်ကြည့် ကြည့်လို့မဝပါ။

YG : ဟူးးး

YGသက်ပြင်းပူတစ်ချက်ကိုသာမှုတ်ထုတ်မိသည်။

*meow meow~*

YGစိတ်လေလေနှင့် အိပ်ခန်းထဲရှိ ဆိုဖာပေါ်မှာထိုင်နေတုန်း Molly ရဲ့အသံကိုကြားလိုက်ရတော့ ချက်ချင်းပင် ကြမ်းပြင်ကိုဆင်းထိုက်လိုက်သည်။

YG : အိုးး Molly ပျင်းနေတာလား လာလာ ငါနဲ့တူတူဆော့ရအောင်။

Mollyဆိုသည်မှာ YGရဲ့ ကြောင်လေးပင်။Minအိမ်တော်ကို ရောက်"ချင်းနေတဲ့က YGကပုံစံက မတက်ကြွသလို ဖြစ်နေတာမို့ Jiminie Hygက YGအပျင်းပြေဆော့လို့ရအောင် ကြောင်လေး၁ကောင် ခေါ်လာပေးချင်ပင်။

Park Jimin ၁ယောက် ကြောင်တွေက ခွေးတွေလို မဆော့တတ်ဘဲ ၂၄နာရီမှာ ၁၈နာရီလောက်အိပ်တတ်သည်ကို မသိတာလား။မသိချင်ယောင်ဆောင်လေရော့သလား။

အခုတော့ ကြောင်နဲ့တူတဲ့ YGက ကြောင်လေးလက်ဆောင်ရလိုက်တော့ Minအိမ်တော်မှာ ကြောင်ပျင်းလေး ၂ကောင်ဖြစ်သွားချေပီ။Mollyက မနက်ပိုင်းတော့ ဆော့တတ်သေးပေသည်။အခုလဲ သူနဲ့ဆော့ပေးဖို့ YGကိုလာခေါ်ချင်းပင်။

I'm your Guardian AngelDove le storie prendono vita. Scoprilo ora