Part_13

544 76 24
                                    

[Unicode]YG : ဦးငယ်~အဲ့ကိုမသွားလို့မရဘူးလားဟင်~
ကျွန်တော်တစ်ယောက်တည်းကျန်ခဲ့ရမှာ..ကြောက်တယ်ဦးငယ်။

JH : ဦးငယ်လဲ ယွန်းလေးကိုတစ်ယောက်တည်းထားပီး ဘယ်သွားချင်ပါ့မလဲ..အခုသွားရမဲ့နေရကို ကိုယ်က ကုမ္ပဏီနဲ့ဥက္ကဋ္ဌအနေနဲ့ ပထမဆုံးသွားရမှာဆိုတော့ ပျက်ကွက်လို့မဖြစ်ဘူး။

ဂျပန်မှာရှိတဲ့ကုမ္ပဏီခွဲအတွက် ဖွင့်ပွဲကိုမဖြစ်မနေသွားရမှာဆိုတော့JHလဲအခက်တွေ့နေချေပီ။
ကလေးကိုခေါ်သွားလို့လဲမဖြစ်။ကုမ္ပဏီပေါင်းစုံကိုဖိတ်ထားကြောင့် သေချာပေါက်Min groupကလဲလာလိမ့်မည်။ယွန်းလေးကိုတွေ့သွားလို့မဖြစ်ချေ။ အိမ်မှာထားခဲ့ပြန်ရင်လည်း Min Jae Yuuက အခုလောက်ဆိုယွန်းလေးသူ့ဆီမှာရောက်နေတာကို သိနေလောက်ပီမို့ ယွန်းလေးကိုလုပ်ကြံဖို့ အခွင့်အရေးတစ်ခုပေးလိုက်သလိုဖြစ်မှာလဲဆိုးနေတာပင်။ဘယ်လိုလုပ်ရပါ့မလဲ...။

YG : ဟင့်~ဒါဆို ဦးငယ် မြန်မြန်သွားပီး
မြန်မြန်ပြန်လာခဲ့နော်..

အမေဈေးဝယ်ထွက်တာကို မလိုက်ရလို့ ငိုနေတဲ့ကလေးပုံပေါက်နေတဲ့ ယွန်းဂီလေး...အခုလဲ သွားတောင်မသွားရသေး မြန်မြန်ပြန်လာခိုင်းနေပီ။

JH : ယွန်းလေးရယ် ဦးငယ်က တစ်ညအိပ်ပဲသွားမှာ။ပီးတော့ ဘာမှမစိုးရိမ်နဲ့ ယွန်းလေး။ယွန်းလေးကို ဘယ်သူမှ အန္တရာယ်မပေးစေရဘူး။
အိမ်မှာ securityကိုလဲ လျှို့ဝှက်အနေနဲ့ အပြည့်ချပေးထားတယ်။ဒါ့အပြင် ဒီနေ့နဲ့မနက်ဖြန်က ပိတ်ရက်ဖြစ်တာမလို့ NamJoonနဲ့ ယွန်းလေးရဲ့သူငယ်ချင်းJinကိုလဲ ခေါ်ထားပေးထားတယ်။
ခနနေ သူတို့ရောက်လာတော့ပါမှာ။

YG : ဟာ!တကယ်! Jinက၂ရက်လုံး ကျွန်တော့်ဆီမှာလာနေမှာပေါ့။

သူ့သူငယ်ချင်းJinပါလာနေမယ်ဆိုတော့ ချက်ချင်းပျော်သွားတဲ့ကလေး။တစ်ဦးတည်းရှိတဲ့ သူငယ်ချင်းနဲ့ ၁လလောက်ဝေးကွာနေရပီး ၂ရက်ကြီးတောင်တူူနေရမယ်ဆိုတော့ ပျော်နေတယ်ထင်ပါ့။ကျောင်းလုံးဝမသွားရတော့ ဟိုမိန်းမကြီး ဘယ်လိုလှည့်ထားလဲဆိုတာ စုံစမ်းကြည့်တော့ ယွန်းလေးကို အမေရိကားကို ကျောင်းပြောင်းမယ်ဆိုပီး ကျောင်းထုတ်သွားတယ်တဲ့လေ။ အကြံသိပ်ပိုင်တဲ့ မိန်းမဆိုးကြီးပါပဲ။

I'm your Guardian AngelWhere stories live. Discover now