Part_10

659 78 12
                                    

အလုပ်ခန်းအတွင်း တစ်ယောက်ထဲအလုပ်ရှုပ်ကာ နေ့လည်ထမင်းစားချိန်ကို ကျော်လို့ကျော်မှန်းမသိ အလုပ်ကိုသာဖိလုပ်နေရသည်မှာ မနက်တည်းကပင်။ အလုပ်မလုပ်၍လည်းမရ... JoonကိုYoongiကိစ္စအတွက် အကူအညီတောင်းထားတာကြောင့် Joonရဲ့company projectအသစ်အတွက်ရယ်၊သူစစ်ဆေးရမဲ့စာရင်းဇယား တွေရယ်ပေါင်းပီး နှစ်ယောက်စာအလုပ်ကို ပေါင်းလုပ်နေရခြင်းပင်...

တီ!!တီ!!တီ!!တီ!!(ph ring)

အလုပ်ထဲခေါင်းနှစ်နေချိန်ရုံးဖုန်းမဟုတ်ဘဲpersonal phoneကဝင်လာသောကြောင့် JH Phကိုယူကြည့်လိုက်တော့ Contentမှာ Joonတဲ့။အစကတော့တခြားသူဆိုရင်မကိုင်ဘူးလုပ်ပေမယ့်Joonဆိုသောကြောင့် သူphကိုင်လိုက်တယ်။ Yoongiအဒေါ်ကိစ္စ အကြောင်းတစ်ခုခုထူးလို့ Joonဆက်ခြင်းပင်ဖြစ်ရမယ်။ဒါကြောင့် သူPhကိုချက်ချင်းပင်ကောက်ကိုင်လိုက်တယ်။

JH : Hello!Joon! ဘာထူးခြားလို့လဲ!

NJ : Jae Yuuရဲ့ခြေလှမ်းအချို့တွေကိုတော့ရိပ်မိနေပီကွ!ဒါပေမဲ့အခုခေါ်တာကအဲ့ကိစ္စမဟုတ်ဘူး

JH : ဒါဆိုဘာကိစ္စလဲကွ!

NJ : ငါအခုYoongiရဲ့သူငယ်ချင်းJinနဲ့တွေ့နေတယ်။သူ့ကိုအကြောင်းစုံပြောပြထားပီးပီ။သူကYoongiနဲ့တွေ့ပီးစကားပြောချင်တယ်ဆိုလို့ အဲ့တာYoongiကိုမင်းခေါ်လာပေးနိုင်မလား

JH : ဟေ့ကောင်!Yoongi သူငယ်ချင်းဆိုတာရောသေချာလို့လားကွ

NJ : သေချာပါတယ်ကွ..Kim Nam Joonတစ်ယောက်လုံးသေချာစစ်ဆေးထားတာ

JH : သေချာရင်ပီးတာပဲ။ ဒါဆိုငါခနနေရင်Yoongiကိုအိမ်သွားခေါ်ပီး မင်းဆီလာခဲ့မယ်။ မင်းအခုဘယ်မှာလဲ။

NJ : Love Maze coffeeဆိုင်မှာပဲ

JH : Ok..

...........................................................................

ကျောင်းလဲမသွားရတဲ့အပြင် အိမ်ထဲကအိမ်ပြင်လဲမထွက်ရတာကြောင့် Yoongiအတော်ပင်ပျင်းနေမိတယ်။ နေ့လည်စာစားပီးသည့်တိုင် ဘာမှလုပ်စာမရှိတာကြောင့် သူလဲခြံထဲဆင်းပီး လျှောက်ကြည့်နေမိတယ်။JH Groupရဲ့ဥက္ကဋ္ဌဖြစ်တဲ့သူနေတဲ့အိမ်ဖြစ်တဲ့အလျောက် အိမ်တော်ကြီးဟာလဲကြီးကျယ်ခမ်းနားသလို ခြံဝန်းကြီးဟာလဲ အတော်ပင်ကျယ်ဝန်းလှသည်။ ဆောင်းရာသီအေးအေးမှာ ခြံထဲကမြက်ခင်းပြင်ဟာလဲ နှင်းများဖုံးအုပ်နေလေတယ်။ခြံအုတ်တံတိုင်းဘေးပတ်ပတ်လည်မှာတော့ ပန်းမျိုးစုံပင်များစိုက်ထားပေမဲ့လည်း ချမ်းအေးလှတဲ့ဆောင်းဒဏ်ကြောင့်ပန်းများမပွင့်နိူင်သေးပေ။ဆောင်းရာသီမှာပွင့်တဲ့ သစ်ခွပန်းအမျိုးအစားအနည်းငယ်လောက်ပဲ လှပစွာပွင့်ဖူးနေလေတယ်။ ခြံထောင့်မှာတော့ အကိုင်းအခတ်များပေါ်မှာ နှင်းခဲတွေတင်နေပီး တစ်ပင်လုံးဖြူဖွေးနေတဲ့ ထင်းရှူးပင်တစ်ပင် ရှိပီး အဲ့အပင်အောက်မှာ အပြာရောင်စားပွဲခုံဝိုင်းလေးနှင့် နောက်မှီထိုင်ခုံ၃ခုံဝိုင်းထားကာချထားသည်။Yoongiလဲစားပွဲနားလေးကိုဆက်လျှောက်သွားပီးအပင်အောက်မှာဘက်ကနေ ခြံနဲ့အိမ်ကို ပြန်လှည့်ကြည့်မိသည်။ Yoongiစဉ်းစားမိသည် ဒီနေရာလေးဟာနွေဦးရာသီဆို အရမ်းလှပီး ပန်းချီထိုင်ဆွဲနေဖို့အကောင်းဆုံးနေရာလေးဖြစ်မှာပဲ လို့ပင်။

I'm your Guardian AngelWhere stories live. Discover now