Part-18

436 66 4
                                    

                  #UNICODE

တိတ်ဆိတ်အေးစက်သော အမှောင်ထုကြား လမ်းပျောက်နေသော လူ၁ယောက်လို ဘဝကိုဖြတ်သန်းရင်းမှ သေးငယ်သောအလင်းပျလေးကို ရုတ်တရက်ရှာဖွေတွေ့ရှိခဲ့ပီးနောက် ဘဝကိုကြီးစိုးနေခဲ့သော အမှောင်ထုကြီးကို ထိုအလင်းပျလေးက တဖြေးဖြေးဖယ်ရှားကာ နေရောင်ခြည်ကဲ့သို့ နွေးထွေးလင်းလက်သော အလင်းရောင်များ ဖြန့်ကျက်ပေးကာ သူ့ဘဝကို ပြောင်းလဲစေခဲ့သည်။ထိုအလင်းပျလေးကားသူ့ရဲ့ချစ်ရပါသော ဖြူစင်သော ကလေးငယ် ယွန်းလေး။

တစ်သက်လက်မလွှတ်တော့ဘူးလို့ တွေးထားပေမဲ့ တစ်နေ့ဖြစ်လာမဲ့အရာကို သူကိုယ်တိုင်ဖန်တီးခဲ့တာမို့ ကံကြမ္မာကိုအပြစ်တင်လို့လဲမရခဲ့ပြန်။ဒါပေမဲ့ သူခန့်မှန်းထားတာထက်ပိုပီးစောသွားတာကြောင့် ပြင်ဆင်ချိန်မရလိုက်တာကိုတော့ အပြစ်တင်ချင်မိသည်။ ဒါတွေဟာ ယွန်းလေးအတွက်ပဲမို့ အဆိုးထဲကအကောင်းဟုသာ စိတ်ကိုဖြေသိမ့်လိုက်တော့သည်။

အတွေးစတွေထဲ နစ်မြောနေချိန် ပါးကို နူးညံ့သောအထိအတွေလို့ရောက်လာချိန်မှ အသိပြန်ကပ်တော့သည်။

YG : ဦးငယ် ဘာတွေစဉ်းစားနေတာလဲ။ မျက်နှာလဲမကောင်းပါလား ဖြူဖပ်ဖြူရော်နဲ့။

သူ့ရဲ့ပါးနှင့်နှဖူးတို့ကို စမ်းကာ အမေးစကားဆိုလာသော ယွန်းလေးကြောင့် အတွေးစတို့ကိုဖျတ်ကာ ယွန်းလေးအတွက်မူပိုင်အပြုံးကိုပြုံးပြလိုက်သည်။

JH : ဘာမှမတွေးပါဘူးယွန်းလေးရဲ့။လာဟိုဘက်ကိုသွားကြမယ် NamJoonတို့ဟိုမှာ ဆော့နေတယ်။

NamJoon နဲ့ Jinတို့ရဲ့ ပက်သတ်မှုက သူတို့ဘယ်လောက်ဖုံးဖုံး သိသာနေတာကြောင့် နောက်ဆုံးတော့ဖုံးမရဘဲ JHနဲ့ YGကို ဖွင့်ပြောလိုက်တော့သည်။အခုတော့ ၂ယောက်သား လွတ်"လပ်" ကစားကွင်းထဲမှာ dateနေကြလေရဲ့။

အမှန်တော့ သူရယ်၊ယွန်းလေးရယ်၊NJရယ်နဲ့ Jinတို့ ၄ယောက်သား ကစားကွင်းရောက်နေကြချင်းပင်။ ယွန်းလေးကနောက်တစ်ပတ်နေရင် Mr.Minဆီမှာ တရားဝင်အမွေဆက်ခံသူတစ်ဦးတည်းသောမြေးအဖြစ်သွားရနေရတော့မယ်လေ။ဒါဆိုရင် နောက်ကျ ယွန်းလေးက သူတိူ့သုံးယောက် အရင်လို တွေ့နိုင်ဖို့ မလွယ်တော့တာကြောင့် နောက်ဆုံး...
အင်းးနောက်ဆုံးအနေနဲ့လို့ပြောရမလား ဒီနေ့တစ်နေ့လျှောက်လည်နေကြချင်းဖြစ်သည်။

I'm your Guardian AngelDonde viven las historias. Descúbrelo ahora