Part_6

700 86 3
                                    

JH : Doctor~ကလေးအခြေအနေဘယ်လိုနေသေးလဲ
Dr : အခုတော့ ကျွန်တော်သူ့ဒဏ်ရာတွေကို ဆေးထည့်ပီး အားဆေးသွင်းပေးထားပါတယ်။လူနာကနှိပ်စက်ခံရပီး ဒဏ်ရာကပြင်းတဲ့အပြင် အဖျားပါ ဝင်နေတော့အားပြတ်ပီးသတိလစ်သွားတာပါ။အခုတော့စိုးရိမ်စရာ မရှိတော့ပါဘူး။ဒဏ်ရာတွေကို ဂရုတစိုက်ဆေးထည့်ပေးရင် ၁ပတ်လောက်ဆိုသက်သာသွားမှာပါ။အခုဆေးရှိန်နဲ့အိပ်ပျော်နေတာပါ။မနက်ကျနိုးလာပါလိမ့်မယ်။
JH : ဟုတ်ကဲ့ပါDoctor
Dr : ကဲဒါဆို ကျွန်တော်ပြန်တော့မယ်၊သောက်ဆေးလဲထားပေးခဲ့တယ်၊လူနာကိုသေချာဂရုစိုက်ပေးလိုက်ပါ။
JH : ကျွန်တော်လိုက်ပို့ပေးမယ်လေdoctor
Dr : ရပါတယ်၊ကျွန်တော့်ဘာသာပဲပြန်လိုက်ပါမယ်။
JH : ကောင်းပါပီ ဂရုစိုက်ပြန်ပါ။

JH ဆရာဝန်ထွက်သွားတာနဲ့ ယွန်းလေးအနားကပ်ပီးနှဖူးလေးကိုလက်ဖြင့်ဖွဖွလေးစမ်းလိုက်တယ်။ကိုယ်တွေလဲပူကျစ်နေတာပါလား။ကလေးရယ်ဘာတွေများဖြစ်ခဲ့လို့ဒီလောက်နှိပ်စက်ခံဒဏ်ရာတွေရခဲ့ရတာလဲ။

YG : အင်း~ဟင်း~ဟင်း~ကျွန်တော့ကိုမသတ်ပါနဲ့~တောင်းပန်ပါတယ်~~အင်း~~ဟင်း~
YGအိပ်နေရင်းထညီးလို့JHမှာအလန့်တကြားထချော့ရတော့တယ်။
JH : ယွန်းလေး~ယွန်းလေး~ဘာမှမဖြစ်တော့ဘူးနော် မကြောက်နဲ့ ဦးငယ်ရှိတယ်နော်~
JH YGရဲ့ရင်ဘတ်လေးကိုဖြေးဖြေးလေးပုတ်ပီးပြောတော့ညီးနေတဲ့ကလေးလေးတိတ်ပီးပြန်အိပ်ပျော်သွားပြန်တယ်။မျက်ရည်များလဲရွှဲလို့။အော်~ကလေးငယ်ရယ် ဘယ်အရာကများကလေးရဲ့အိပ်မက်ထဲထိတောင်လိုက်နှောင့်ယှက်နေရတာလဲ~

ထိုညတွင်ကောင်လေး၁ယောက်ကအိပ်ပျော်နေပီးနောက်ကောင်လေး၁ယောက်ကတော့အိပ်နေတဲ့ကောင်လေးရဲ့လက်ကိုကိုင်တာတစ်ညလုံးစောင့်ကြည့်ပေးပီးမိုးလင်းခါနီးမှအိပ်ပျော်သွားလေရဲ့....

နွေးထွေးသောနေခြည်နုနုတို့ကမျက်ပေါ်ကျရောက်လာတာကြောင့်JHနိုးလာခဲ့တယ်။ညကတစ်ညလုံးကလေးအနားမှာနေပေးခဲ့တော့အိပ်ရေးကသိပ်မဝချင်။ကလေးကတော့ခုထိမနိုးသေး။

နေရောင်ခြည်ဖျော့ဖျော့ကျရောက်နေသောယွန်းလေး၏မျက်နှာကိုသူသေချာကြည့်မိတော့ မျက်နှာလေးဟာဖြူဥနုဖတ်နေတယ်။အသားအရည်နဲ့ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံနဲ့တင်မျိုးရိုးမြင့်လူချမ်းသာမိသားစုမှ ပေါက်ဖွားလာသည်ဟုထင်မိမှာအမှန်။ဒါပေမဲ့သူ့ယွန်းလေးက သာမန်ရက်ကွက်မှာနေတဲ့သာမန်မိသားစုကကောင်လေး။ယုံရခက်ခက်ပဲကွာ။နီရဲနေတဲ့နှုတ်ခမ်းပါးလေးရဲ့ထောင့်မှာသွေးလေးတွေစို့နေလေရဲ့။မှေးကျဉ်းတဲ့မျက်လုံးလေးတွေထောင့်မှာအညိုအမဲတစုံကနေရာယူနေတယ်။ဖြူနုနေပီးလှပတဲ့မျက်နှာလေးထက်မှာဒဏ်တွေရှိနေတာကအတော်ပင်စိတ်တိုစရာ။ဒီလိုဖြူစင်တဲ့ကလေးငယ်ကိုဘယ်သူတွေကလုပ်ရက်ရတာလဲကွာ။သူတွေးကြည့်ရုံနဲ့တင်ထိုလူတွေကိုသတ်ပစ်ချင်လာခဲ့သည်။

I'm your Guardian AngelWhere stories live. Discover now