Part_9

645 82 16
                                    

ဆိုးလ်မြို့ရဲ့ချမ်းအေးလှတဲ့ ဆောင်းရာသီမနက်ခင်းမှာနှင်းများ တဖွဲဖွဲကျဆင်းနေလေတယ်။
Love Maze Coffee ဆိုင်လေးဟာလဲ လူရှင်းပီးဆိတ်ငြိမ်နေလေရဲ့။ ထိုဆိတ်ငြိမ်မှုကိုဖြိုခွဲပီး
ကျယ်လောင်တဲ့အာမေဋိတ်သံ တစ်သံထွက်ပေါ်လာလေသည်။
ထိုသူမှာအခြားမဟုတ် Kim Nam Joonပင်။
NJ : ဘာ!!!မင်းကအခုMin Groupက မြေးကိုမင်းအိမ်ပေါ်မှာ ခေါ်ထားတယ်။
JHကYoongiနဲ့စတွေ့သည်ကစ၍ အိမ်ရောက်သည်အထိ ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်တော့ NJတစ်ယောက်အံ့အားသင့်စွာနဲ့ ထအော်လိုက်တော့တာပင်။
JH : ရှူး~တိုးတိုး~ဟေ့ကောင်တိုးတိုးပြောပါကွ ဟိုမိန်းမကြီးလူတွေကြားသွားဦးမယ်။
NJရဲ့အော်သံကြောင့် JHမှာပြာပြာသလဲ NJရဲ့ပါးစပ်ကို လှမ်းပိတ်ရတော့သည်။
NJ : ဟိုမိန်းမကြီးဆိုတာက?
JH : ငါခေါ်ထားတဲ့ကောင်လေးကို လိုက်သတ်နေတဲ့Min groupက Min Jae Yuuလေ~~
JHအသံကိုတတ်နိုင်သမျှ ထိန်းပီးတိုးတိုးလေးပြောရသည်။ ဘာလို့ဆို အနီးအနားမှာMin Jae Yuuရဲ့လူတွေရှိနေနိုင်မလား မသိတဲ့အတွက်ကြောင့်ပင်။
NJ : Arrrသိပီ~အဲ့မိန်းမကြီးကတော်တော်ယုတ်မာတာကွ။သူကMin Groupရဲ့ယာယီဥက္ကဋ္ဌရာထူးကို ရကတည်းကစိတ်ကြိုက်ချယ်လှယ်ခဲ့တာ။သူ့အဖေMinဥက္ကဋ္ဌကြီး လက်ထက်တုန်းက ငါတို့JH Groupနဲ့ စီးပွားဖက်တွေအဖြစ် ရင်းနှီးကြသေးတယ်။Min Jae Yuuဆိုတဲ့ မိန်းမကြီးလက်ထက်ကြမှ သူကအရမ်းစီးပွားရေးဆန်ပီး မတရားတာတွေပါလုပ်လာလို့ ငါတို့JH Groupက အဆက်အသွယ်ဖြတ်ပလိုက်ခဲ့တာ။
JH : အေးနော် သူကယာယီဥက္ကဋ္ဌမို့လို့သာပဲ တကယ့်ဥက္ကဋ္ဌသာဆို မလွယ်ဘူး hkk ။ အဲ့တာကြောင့်လဲ Minဥက္ကဋ္ဌကြီးက ယာယီပဲသူ့ကိုပေးထားပီး Yoongiကိုလိုက်ရှာနေတာဖြစ်မယ်။
NJ : Omm ဟုတ်တယ်။Min ဥက္ကဋ္ဌကြီးနဲ့ Yoongiကိုအမြန်ပေးတွေ့မှဖြစ်မယ်။
JH : အေးငါလဲ အဲ့တာကိုပဲစိတ်ပူတာ။Min ဥက္ကဋ္ဌကြီးနဲ့ပေးတွေ့ကာမှ Min Jae Yuuက Yoongiကိုလုပ်ကြံဖို့ ပိုအဆင်ပြေသွားမှာ စိုးတယ်။
NJ : အဲ့တာဆိုရင် Min Jae Yuuရဲ့အရင်လုပ်ရပ်တွေကိုပါ Minဥက္ကဋ္ဌကြီးသိအောင် ဖော်ထုတ်ရမယ်။
JH : အဲ့တာဆိုရင်အခုလောလောဆယ်Min Jae Yuuဘာတွေလှုပ်ရှားနေလဲဆိုတာရယ် Minဥက္ကဋ္ဌကိုချဉ်းကပ်ဖို့ရယ်ကို မင်းစုံစမ်းပေးကွာ။
NJ :စိတ်ချစမ်းပါ။ငါ့လူတွေကအဲ့အပိုင်းမှာ ကျွမ်းတယ်။သူတို့ကိုတာဝန်ပေးလိုက်မယ်။
NJကသူပိုင်ပါတယ်ဆိုတဲ့ ပုံစံဖြင့်မျက်ခုံးလေးတွန့်ပြကာ Coffeeကိုတစ်ကျိုက်မော့သောက်လိုက်သည်။
JH : မဟုတ်ဘူး။မင်းကိုယ်တိုင်စုံစမ်းပေး။
NJ : အဟွတ်!!အဟွတ်!!ဘယ်လို! ငါကိုယ်တိုင်စုံစမ်းပေးရမယ်။
JHပြောလိုက်တဲ့စကားကြောင့် NJသောက်လက်စCoffeeပါသီးသွားရသည်။
JH : ဟုတ်တယ်။မင်းကိုယ်တိုင်စုံစမ်းပေး။ ဒီကိစ္စကို ဘယ်သူ့လက်ထဲမှာမှ မအပ်ချင်ဘူး။လွဲချော်သွားတာနဲ့ လူတစ်ယောက်မက အသက်ပျောက်မဲ့ကိန်းကွ။
NJ : အဲ့တော့ငါ့ကျသေသေဆိုတဲ့သဘောပေါ့။ငါကcompanyရဲ့ဒုဥက္ကဋ္ဌနော်။မင်းရဲ့အတွင်းရေးမှူးမဟုတ်ဘူး။
NJမဲ့ကာရွဲ့ကာဖြင့်JHကိုပြောနေလိုက်သည်။
JH : ဒါပေမဲ့လဲကွာ ငါကမင်းကိုပဲယုံကြည်တာကွ။မင်းအတွက်ကအဲ့လောက်ကပါးမွှားလေးပါ။ဟုတ်တယ်မလား။ကူညီပါနော်။
NJ : အေးကွာ..အေးအေး။ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ငါစုံစမ်းရေးလုပ်နေတုန်း မင်းကငါ့အလုပ်တွေတာဝန်ယူထား။
JH :ဟားဟားအဲ့လောက်ကအေးဆေး။ငါလုပ်ပေးထားမယ်။ဟုတ်ပီလား။သေချာလေးသာစုံစမ်း။
NJ : စိတ်ချထားလိုက်စမ်းပါ။ဟောဒီကKim Nam Joonကြီးကို😎။
JH : ဒါဆိုအခုပဲသွားစုံစမ်းပေတော့။
NJ : what the...အခုချက်ချင်း!!
JH : အေးအခုပဲ။ငါcompanyကိုသွားတော့မယ်။ မင်းကတော့companyကိုမလာနဲ့တော့။Time & Tide wait for No manကွ။မင်းအခုချက်ချင်းမစရင်ဟိုကလက်ဦးသွားပီးသတ်သွားမယ်။
JHပြောလဲပြော နေရာမှထကာထွက်သွားတော့သည်။
NJမှာတော့ ကြောင်အအနှင့်တစ်ယောက်ထဲကျန်ခဲ့လေသည်။ပီးမှNJသတိရတာက
NJ : ဂါးးးးခွေးကောင် သူ့Coffeeဖိုးကိုရှင်းမသွားဘူး!

I'm your Guardian AngelTempat cerita menjadi hidup. Temukan sekarang