Part_12

587 82 30
                                    

                        #Unicode

ဒီနေ့က ရုံးပိတ်ရက်မို့ အေးဆေးရှိတာကြောင့် JH မနက်ပိုင်းထဲက စာကြည့်ခန်းထဲမှာ စီးပွားရေးဆိုင်ရာ စာအုပ်တွေကိုထိုင်ဖတ်နေခဲ့တယ်။အခုလို ဆောင်းရာသီမနက်ခင်းအေးအေးမှာ နေရောင်ခြည်နွေးနွေးတို့က မှန်ပြတင်းပေါက်ကနေ ထိုးဖောက်ဝင်ရောက်လာတဲ့အချိန် အဲ့အနွေးဓာတ််လေးကို ခံစားပီး စာဖတ်ရတဲ့ အရသာကို JHသိပ်ကြိုက်သည်လေ။ စာဖတ်နေတာအချိန်ဘယ်လောက်ပင်ကြာသွားသည်မသိ
ဗိုက်ထဲက အချက်ပေးသံမြည်လာမှ နေ့လည်စာစားချိန် ရောက်မှန်းသိခဲ့တယ်။

JH : Arr~~စာထိုင်ဖတ်နေလိုက်တာ အချိန်တွေတောင်ကုန်မှန်းမသိ ကုန္သြားပါလား။ ဗိုက္ဆာမွပဲ သိတော့တယ်။ထမင်းစားဖို့ ယွန်းလေးကိုပါ သွားခေါ်မှပါ။

JHလဲဖတ္လက္စ စာအုပ်တွေကို သိမ်းခဲ့ပီး YGကိုရှာပုံတော် ဖွင့်တော့သည်။

JH : ယွန်းလေးဒီအချိန်ဆို ဘာလုပ်နေမလဲမသိဘူး၊ သူ့ကိုတစ်မနက်လုံးပစ်ထားမိတာ ပျင်းပီး အိပ်နေတယ်ထင်တယ်။

YGလေးသူ့ရဲ့အိပ်ခန်းပဲရှိနေမယ်အထင်နဲ့ JHလဲ YGရဲ့အခန်းဆီသို့သာ ဦးတည်ပီးလာခဲ့တယ်။ JHရဲ့စာဖတ်ခန်းနဲ့ YGရဲ့အိပ်ခန်းက ကြားထဲမှာ JHရဲ့အိပ်ခန်းသာခံနေတာမို့ မေဝးလွ။ စာဖတ်ခန်းထဲက ထွက်တာနှင့် YGဆီ အသာလေးပင်ရောက်နေပီ။

ဒေါက် ဒေါက် ဒေါက်

JH : ယွန်းလေး အခန်းထဲမှာရှိလား၊ ထမင်းစားကြမယ်လေ ထွက်ခဲ့တော့။

အထဲကဘာသံမှထွက်မလာ။JHနောက်တစ်ခေါက်ခေါ်ကြည့်နေတုန်းမှာပင် maid၁ယောက်သူ့အနားကိုရောက်လာသည်။

maid : သခင်လေးရှင့်၊ သခင်လေးYoongiကိုရှာနေတာပါလား။

JH : အေးဟုတ်တယ်။သူအခန်းထဲမှာမရှိဘူးလား။

maid : ဟုတ်ကဲ့။သခင်လေး Yoongiကို အစောပိုင်းကတော့ခြံထဲမှာလမ်းလျှောက်နေတာကို တွေ့လိုက်ပါတယ်။

JH : ကောင်းပီ။

JHကလဲmaidကိုမေးပီးတာနဲ့အိမ်အောက်ကိုဆင်းလာခဲ့သည်။အိမ်အပြင်ခြံထဲရောက်တော့ အပူချိန်က အိမ်အတွင်းနဲ့မတူတော့၊ အေးစက်စက် ဆောင်းလေညှင်းသွဲ့သွဲ့တို့က တစ်ချက်တစ်ချက်သူ့ကို လာရောက်ထိစက်လာတော့ JHကိုယ်ကိုပင်ကျုံ့မိသွားတယ်။
ဒီလောက်ရာသီဥတုအေးနေတာကို ဒီကလေးကခြံထဲမှာ ဘာလို့လမ်းလျှောက်နေတာပါလိမ့် JH ယွန်းလေးကိုထူးထူးဆန်းဆန်းစဉ်းစားမိသည်။

I'm your Guardian AngelWhere stories live. Discover now