Part-19

411 66 12
                                    

#Zawgyi

JH: ယွန်းလေး အဆင်သင့်ဖြစ်ရင် သွားရအောင်။

ဒီနေ့ယွန်းလေး Min အိမ်တော်ကိုသွားရမည့်နေ့ပင်။အစက YGကို ခေါ်ဖို့ Min အိမ်တော်က ကားလွှတ်ပေးမယ် ပြောသေးပေမဲ့ JH က
သူကိုယ်တိုင် လိုက်ပို့ပေးချင်သေးတာမို့ ခွင့်တောင်းတော့ အဆင်ပြေခဲ့သည်။

YG : ဟုတ်ကဲ့ အဆင်သင့်ဖြစ်ပါပီ။

JH : ဒါဆိုသွားရအောင်လေ။

၂ယောက်သားကြားမှာ လေထုတို့အေးစက်နေတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ ချစ်သူရည်းစားတွေ ဖြစ်သွားခဲ့ပီး အခုလို ခွဲရတော့မည်ဆိုတော့ သက်ပြင်းတို့ကိုသာ အခါခါချမိနေတယ်။

အိမ်ရှေ့ ဆင်ဝင်အောက်မှာတော့ JHရဲ့ ကားဖြစ်တဲ့ 2020 Mercedes-Benz E-class ကားအနက်ရောင်လေးက စောင့်ကြိုနေတယ်။
YG ကားပေါ် အဆင်သင့်တက်လို့ ရအောင် JH က အလိုက်သိစွာ ကားတံခါးကိုဖွင့်ပေးလိုက်တယ်။ကားပေါ်တက်ဖို့ ခေါင်းငုံ့ပီး ဝင်တော့လဲ ဝင်ပေါက် အပေါ်ဘောင်နဲ့ YGရဲ့
ခေါင်း မဆောင့်မိလေအောင် JHက လက်နဲ့အသာကာပေးထားသေးတယ်။

ဒါတွေဟာ ချစ်သူဖြစ်မှ ဂရုစိုက်တတ်တာလားဆိုတော့ မဟုတ်ပါ။ သူတို့ အပြင်သွားခါနီး YGကားပေါ်တက်တိုင်း အဲ့လိုလုပ်ပေးရသည်မှာ JHအတွက် အကျင့်တစ်ခုလို ဖြစ်နေချေပီ။
ယွန်းလေးကို ဒဏ်ရာတစ်ခုမပြောနဲ့ အပေါ်ယံ အရေပြားလေးကိုတောင် ဘာအကြောင်းနဲ့မှ မနာကျင်စေပါ။သူ့အတွက် ယွန်းလေးက အဲ့လို နူးနူးညံ့ညံ့နှင့် မြတ်နိုးရတဲ့ ကလေးငယ်ပင်။

အစကတော့ ယွန်းလေးအပေါ် တချို့ဂရုစိုက်မှုတွေကို မသိမသာသာလုပ်ပေးဖြစ်သည်။အခုတော့ တရားဝင် ချစ်သူရည်းစားဖြစ်သွားပီမို့ ဂရုစိုက်မှုကအစ ချစ်ပြတာအဆုံး ယွန်းလေးအပေါ် ပေါ်ပေါ်ထင်ထင်လုပ်လို့ရခဲ့ပီ။
အခုတော့ ယွန်းလေးက Min အိမ်တော်ကို သွားတော့မှာကြောင့် အရင်လို နေ့တိုင်း အချိန်တိုင်း မတွေ့ရတော့ပေ။

ကားလေးစထွက်တော့ ငြိမ်ငြိမ်လေးထိုင်နေသော YGရဲ့ လက်ကို JH အသာလှမ်းကိုင်လိုက်သည်။ယွန်းလေးကတော့ လန့်သွားသည်ထင် မျက်လုံးအဝိုင်းလေးနှင့် လာကြည့်လေသည်။သူကအပြုံးချိုချိုလေး ပေးလိုက်တော့ ရှက်ပြုံးလေး ပြုံးကာ ခေါင်းလေးပြန်ငြိမ့်သွားသည်။အဟက်...ကလေးငယ်ကသိပ်ချစ်ဖို့ကောင်းသည်။

I'm your Guardian AngelWhere stories live. Discover now