Part_21

456 49 11
                                    

#Zawgyi

နွေဦးရာသီရဲ့မနက်ခင်းလေးဟာ သာယာတယ် ဆိုတာထက် ပိုခဲ့တယ်။ဆောင်းရာသီရဲ့ အအေးလက်ကျန်လေးနဲ့ နွေဦးရဲ့ နေရောင်ခြည် နွေး"လေးတို့ ပေါင်းစပ်လိုက်တဲ့ အခါမှာ ခံစားမှုကတမျိုးလေးကောင်းနေခဲ့တယ်။မြင်မြင်သမျှ ရှုခင်းတို့ကလည်း ပန်းပေါင်းစုံတို့ပွင့်ဖူးနေတာကြောင့် အရောင်အသွေးစုံလင်နေလှတယ်။ပန်းပေါင်းစုံတို့ဘယ်လောက်ပင် အလှပဆုံးပွင့်ဖူးနေပါစေ ချစ်ရသူလေးရဲ့ နုနယ်ဖြူစင်တဲ့မျက်နှာလေးကိုတော့ မယှဉ်နိုင်ဘူးပေါ့။

အချိန်တွေလည်းတရွေ့ရွေ့ကုန်ဆုံးလို့ သူ့မျက်စိရှေ့က ကြောင်ပေါက်လေးက တစ်ဖြေးဖြေး ရဲတင်းလွန်းတဲ့ ကျားဖြူပျိုလေးအသွင် ပြောင်းလာခဲ့ချေပီ။ဘယ်လောက်ပဲ သူ့ကလေးငယ်က ရင့်ကျက်ပီး တည်ငြိမ်လာပါစေ သူ့ရှေ့ရောက်ရင်တော့ အချွဲသန်တဲ့ ကြောင်ပေါက်လေး ပြန်ဖြစ်သွားတာပါပဲ။

ဟောကြည့် မနက်ဖြန်ဆို ဒီကြောင်ပေါက်က ဘွဲ့ယူပီးလို့ နောက်တစ်ပတ်အတွင်း သူနဲ့ မင်္ဂလာဆောင်တော့မယ် အခုထိ သူ့ပေါင်ပေါ်မှာ လှဲအိပ်ပီး ချွဲလို့ကောင်းနေတုန်းလေ။

ရုံးပိတ်ရက်ဆို ယွန်းဂီက အိမ်ကိုရောက်ရောက်လာတတ်ပီး သူခြံထဲက ထင်ရှူးပင်အောက်မြက်ခင်းပေါ်မှာ သူကတင်ပလ္လင်ခွေထိုင်ပီး ဂီတာတီးကာ သီချင်းဆိုပြရင်ပြ၊ မပြရင် စာအုပ်တစ်အုပ်ဖတ်ပြဖြစ်တယ်။ယွန်းဂီကတော့ သူသူသီချင်းဆိုရင် ဘေးနားကနေ ပါးစပ်လေး လှုပ်စိလှုပ်စိနဲ့ လိုက်ဆိုပီး စာအုပ်ဖတ်ပြရင်တော့ မျက်လုံးလေးမှိတ်ကာ သူ့ပေါင်ပေါ်ခေါင်းလေးအုံးပီး ငြိမ်ငြိမ်လေး နားထောင်နေတတ်တယ်။သူစပ်စုချင်ပီဆိုတော့ ၅နှစ်အရွယ် ကလေးလေးလို နှုတ်ခမ်းတထော်ထော်နဲ့ ထထမေးတတ်သေးတာ။ငြင်းခုန်ရမဲ့အပိုဒ်မျိုးဆို စာရေးဆရာကို ရန်တွေ့တဲ့အလား ငြင်းပြလိုက်သေးတယ်။တကယ်ကို ယွန်းဂီက ဂျောင်ဟိုဆော့ဆိုတဲ့သူရှေ့ရောက်ရင် လုံးဝကို ကလေးလေးဖြစ်သွားတာတော့ လူတိုင်းဝန်ခံရပေမည်။

ဒီနေ့တော့ စာအုပ်ဖတ်ပြခြင်း အလှည့်ကျလို့ ယွန်းလေးကို ဖတ်ပြနေရင်း ယွန်းလေးကရုတ်တရက်ထထိုင်လိုက်သည်။

I'm your Guardian AngelWhere stories live. Discover now