Part: 1

8.4K 251 0
                                    

ကြီးမားသောတင့်တယ်ခြင်း ဂုဏ်ရှိန်ဂုဏ်ဝါတို့ဖြင့်တောက်ပြောင်မူ့တို့ပြည့်နှက်လှစွာသော နန်းတော်တစ်မျှခန်းနားသည့် အိမ်ကြီးအိမ်ကောင်းတစ်ခုဝယ် မြင့်မားသောမာန်ရှိန်တို့အုပ်စိုးလျှက်နှင့်ရှိနေသည်။

'ကြီးကြီးခေါ်ခိုင်းလိုက်တယ်' ဆိုသောအိမ်
အစေလေးများရဲ့အမှာစကားကြောင့် သွားတွေ့ရန်လှမ်းနေသည့် ခြေအစုံတို့ကတုန်ယင်လျှက်ရှိနေသည်။ မည်သို့သောအကြောင်းကိစ္စတို့ပြောမည်ဆိုတာသေချာမသိသော်လည်း မကောင်းသည့်စိတ်ခံစားချက်ကြောင့်တစ်ကြောင်း၊ တစ်ခုတည်းသောအားကိုးရာမဲ့နေသည်ကတစ်ကြောင်းကြောင့်ပင်ဖြစ်လိမ့်မည်။ ကြီးကြီးဟူသည် ဤမြပုလဲမွန်စံအိမ်ကြီး၏ အရှင်သခင် အားလုံးကရိုသေလေးစားအကြောက်ရွံ့ရဆုံးသူဖြစ်ပါသောအမျိုးသမီးတစ်ဦးပင်။

တော်ဝင်မျိုးနွယ်ဝင်ဖြစ်၍ နန်းဆန်သောအသုံးအဆောင်ပစ္စည်းများ ရှေးဆန်သောစည်းကမ်းများတို့ကကြီးစိုးလျှက်ရှိသလို အိမ်သားများရဲ့အထက်စီးဆန်လွန်းသောပုံစံများကြောင့် 'ပန်' ငယ်ငယ်လေးထဲက သိပ်ကိုကြောက်ခဲ့ရပါသည်။

"ကြီးကြီး...ပန် ရောက်ပါပြီ"

ခေါင်းလေးငုံကာ မော်မကြည့်ရဲသောမျက်ဝန်းအစုံတို့ကမျက်လွှာချလျှက် ကြီးကြီးရှေ့၌ ရိုးရိုးကျိုးကျိုး နေရသည်ကမထူးဆန်းပါလေ။

ဆံပင်တွေကိုသေသပ်စွာဖီးသင်၍ ထုံးဖွဲ့ထားသည်ကတော်ဝင်သူတစ်ယောက်ပီသစွာပင်၊ နန်းဆန်၍ကြည်လင်သောမျက်နှာထက်တင်းမာခက်ထန်မူ့တို့ကအတိုင်းသား ။မော်နေသောမျက်နှာထားတို့မှမျက်လုံးဖြင့်ပန့်ကိုတစ်ချက်သာဝေ့ကြည့်ပြီး မျက်နှာလွဲလိုက်သည်။ ထို့နောက်

"နင်ဒီအိမ်မှာနေစရာမလိုတော့ဘူး...ထွက်သွားတော့"

"ရှင်!!"

ရင်ထဲကဆို့နင့်မူ့နှင့် ဝဲတတ်လာတဲ့မျက်ရည်တို့က တမင်ဖိတ်ခေါ်ခြင်းမရှိ ၊
မထင်မှတ်ထားတဲ့ အမိန့်လိုစကားတို့က ရက်စက်ခြင်းဆိုတာထက် ပိုပြင်းထန်လိမ့်မည်။ တစ်သတ်လုံးသူတို့ထားသလိုနေလာခဲ့ရတဲ့ဒီလူတစ်ယောက်ကိုလေ သူ့တို့စိတ်ကြိုက်ခေါ်လာပြီး သူတို့စိတ်ကြိုက်ပဲမောင်းထုတ်ပစ်ရက်သလား။

ThantophobiaWhere stories live. Discover now