Part: 7

1.6K 114 0
                                    

မယ်နရီဆီကထွက်လာပြီး အိမ်မပြန်ချင်သေးတဲ့ခြေထောက်တွေကြောင့် လမ်းဘေးတစ်နေရာကားထိုးရပ်ပြီး ပွက်ပွက်ဆူနေတဲ့ဒေါသအပေါင်းကို မရမကချုပ်ထိန်းပြီးမှ အိမ်ပြန်ရောက်တော့ မိုးတောင်ချုပ်နေလေပြီ။
ချစ်သောသူမတစ်ယောက် အခုလောက်ဆို စိတ်ဆိုးလို့အလိုမကျခြင်းတွေနဲ့မုန်းပြတော့မည်လား ။မုန်းလည်းမုန်းပါစေ ဒီရင်ဘက်ရဲ့နာကျင်မူ့ကလည်းထူးမနေတော့ပါဘူး။
ကိုယ်ပိုင်ဆိုင်တဲ့တစ်စုံတစ်ရာကို နိဗ္ဗာန်နဿပစ္စယောဟောတုလို့ သူတစ်ပါးအားပေးအပ်ရအောင်ဒီဘဝမှာ တရားမပေါက်ခဲ့တာပဲ ကိုယ့်ဘဝရဲ့ဆိုးရွားတဲ့ဖြစ်တည်မူ့လို့မှတ်ယူလိုက်ပါ။

ပန့်ရဲ့အိပ်ခန်းတံခါးလေးအသာဟကြည့်တော့ ကုတင်ထက်ဝယ်သူမလေးက ဘေးတစောင်းလေးလှဲလို့ သူမဘေးနားလေးထိုင်လိုက်ပြီး နံဖူးထက်ဝဲနေတဲ့ဆံနွယ်လေးတွေအသာသပ်တင်ပေးလိုက်တော့ မျက်လုံးလေးတွေက မှိတ်ထားသည့်တိုင်မို့အစ်နေလေ၏။

"ပန်..နင်အိပ်သွားပြီလား!"

ဘာမှပြန်ဖြေကြားခြင်းမရှိလာတဲ့သူ..အိပ်စက်ဖို့အတွက် မှိတ်ထားတဲ့မျက်ဝန်းတွေမဟုတ်လို့ ကိုယ်ပြောတာမကြားနိုင်ပါဘူးပေါ့ ။

"ငါတောင်းပန်ပါတယ်...နင်ငါ့ကိုစိတ်ဆိုးလို့ရတယ်။ ဒါပေမယ့် ငါလုပ်ခဲ့တာတွေက နင့်ကိုချစ်လို့ပါပန်ရယ်"

အိပ်မပျော်သေးတာကိုသိတာမို့လို့ မကြားချင်လည်း နင်ကြားနေမှာပါ။
ခါးနားသို့ရောက်နေတဲ့စောင်လေး ပုခုံးထိဆွဲခြုံပေးခဲ့ပြီး နံထင်လေးအားခပ်ဖွဖွနမ်းခဲ့သည်၊ မြတ်နိုးလိုက်ရတာဒီကောင်မလေးကို တန်ဖိုးကြီးလွန်းတဲ့နင်နဲ့ငါရဲ့ဒီဆုံစည်းခြင်းအတွက် ငါနာကျင်ရလည်းဖြစ်တယ် လက်လွှတ်ဖို့တော့မဖြစ်တာမို့လို့။

** ** **
မနက်မိုးအလင်း အိမ်အောက်ထက်မှတစ်ဒုန်းဒုန်းတစ်ဒိုင်းဒိုင်းအသံတွေကြောင့် အိပ်နေရာမှ ပန် လူးလွှန့်နိုးလာခဲ့သည်။
ဘာတွေဖြစ်နေတာလဲ စောစေားစီးစီး
ငြီးငြူလျှက် အိပ်ယာကထလိုက်တော့ အညိုရင့်ရင့်ဆံနွယ်အရှည်တွေက ဆုတ်ဖွားဖြစ်လို့ အားရအောင်တစ်ဝှါးဝှါးသန်းပြီးမှ ပန်ဟာရေချိုးခန်းထဲရောက်ခဲ့တယ်။

ThantophobiaWhere stories live. Discover now