Part: 9

1.5K 108 1
                                    

ပန်စီးလာတဲ့ Taxiလေးအိမ်ရှေ့သို့ဆိုက်ရောက်သည်နှင့် ကားပေါ်ကဆင်းကာအိမ်ထဲဝင်လိုက်လေတော့ အိမ်ကလိုတာထက်ပင်ပို၍တိတ်ဆိတ်နေသလို ဝိုင်းပြန်ရောက်နေပြီထင်ပါတယ်။
ဖြစ်သမျှကိစ္စရင်ဆိုင်ရမှာပဲ..ဝိုင်းအကြီးအကျယ်စိတ်ဆိုးနေမယ်ဆိုလည်းမတတ်နိုင် လုပ်ပြီးခဲ့ပြီပဲ။

တစ်ကယ်ဆို မယ်ဆီပြေးထွက်သွားခဲ့စဥ်က ပြန်မလာတော့ဘူးဆုံးဖြက်ချက်နဲ့ပါ
ဒါပေမယ့် တစ်ကယ်သာပြန်မလာဖြစ်ခဲ့ရင် မမှန်းဆနိုင်တဲ့ဝိုင်းရဲ့အဖြစ်ကိုမတွေးရဲမိတာအမှန်ဖြစ်သည်မို့လို့၊ မယ့်ရင်ခွင်မှာ တစ်သက်တာခိုဝင်မယ်ပိုင်းဖြက်ပြီးတဲ့ ဒီစိတ်တွေကရက်ရက်စက်စက်ပဲ အဲ့ဒီ့ရင်ခွင်ကိုခွဲပစ်ခဲ့တယ်၊ လူတစ်ယောက်ကအရာရာကိုနားလည်ပေးနိုင်တိုင်း မနာကျင်တတ်တာမဟုတ်သလို ပြုံးပြနေတိုင်းလဲ အဆင်ပြေနေတာမဟုတ်ပါမှန်း ပန်ကောင်းကောင်းကြီးသိပါလျှက်နဲ့လေ အဲ့ဒီအဖိုးတန်တဲ့ နူ့နူ့ညံ့ညံ့စိတ်နှလုံးလေးကိုမှနာကျင်စေခဲ့ပြီ နောက်တစ်ကြိမ်ပေါ့ ။ချစ်ခြင်းမေတ္တာအပြည့်ပေးတဲ့ရင်ခွင်ကိုမှ အလွဲသုံးစားလုပ်ပြီးခြေစုံကန်ခဲ့တဲ့ပန် တစ်နည်းပြောရရင် မယ့်ဘဝအတွက်မမွေးဖွားလာသင့်တဲ့လူ။

အိမ်ထဲသို့ဝင်ဝင်ချင်း ဘယ်သူမှမရှိတာကလွဲရင် အားလုံးကနေသားတကျပါပဲ။
မခိုင်ချင်တဲ့ခြေလှမ်းတွေနဲ့ အပေါ်ထပ်သို့တစ်ထစ်ချင်းနင်းတတ်ခဲ့တော့ တစ်ထိတ်ထိတ်နဲ့ရင်ထဲကတုန်ခါသံတွေကပါတွဲပါလာခဲ့သည်။
လှေကားထစ်တို့ရဲ့အဆုံးကိုရောက်တော့ ကျယ်ဝန်းလွန်းတဲ့ဧည့်ခန်းက အခန့်သား၊
အနည်းငယ်သာဖွင့်ဟထားတဲ့လိုက်ကာစတွေနဲ့မှန်ပြတင်းပေါက်ရဲ့ ရှေ့မှာဝိုင်းကငြိမ်သက်စွာမတ်တပ်ရပ်နေခဲ့သည်။ ပန့်ဘက်ကိုတော့ကျောခိုင်းကာဖြင့်။

"ဝိုင်း! "

မရဲတရဲခေါ်သံဆုံးသည့်တိုင် သူမကလှည့်မကြည့်လာသေးသည်။

"ဝိုင်း!! ငါ..."

ဒုတိယမြောက်ခေါ်သံကြမှ သူမကဖြည်းညှင်းစွားလှည့်ကြည့်လာသည်။ ဒါပေမယ့် ဝိုင်းရဲ့မျက်လုံးတွေက သာမန်ထက်ပိုအေးစက်နေခဲ့တယ်။

ThantophobiaWhere stories live. Discover now