အုပ်မှိုင်းမှိုင်းနဲ့ တိမ်ညိုတွေလိပ်တတ်လို့ ရိုးစင်းတဲ့ ကောင်းကင်ယံတစ်ခုရဲ့ဖြစ်စဥ်။လေပြင်းတစ်ခုနဲ့အတူကပ်ပါလာတဲ့ မိုးခြိမ်းသံ ။တစ်ပြိုင်နက်ထဲရွာလာတဲ့ မိုးရေစက်တွေက မှန်နံရံတွေကိုလာရောက်လွင့်စင်ညှိတွယ်သည်။
ဒီမိုးရေတွေကို ကြည့်နေမိရင်းအတွေးတစ်ချို့က အတိတ်တစ်ခုသို့နောက်ကြောပြန်လှန်လေသည်။အဲ့ဒီနေ့က...ဒယ်ဒီအသုဘချတဲ့နေ့ ညနေစောင်းပြီးမှောင်လာတဲ့အထိ ဒယ်ဒီအုပ်ဂူဘေးက မပြန်နိုင်သေး။ လောကကြီးထဲမှာ မယ့်အတွက်မိဘဆွေမျိုးဆိုလို့တစ်ယောက်ထဲရှိတဲ့ ဒယ်ဒီ့ကို ဆုံးရှုံးလိုက်ရတဲ့နာကျင်မူ့ထက် ပိုဆိုးရွားတာမျိုး ဘယ်မှာရှိနိုင်ဦးမှာလဲ ဝမ်းနည်းတယ်။ အားငယ်တယ် ။မယ်ဘာဆက်လုပ်ရမှာလဲဒယ်ဒီ မယ်ဖွင့်ချင်တဲ့စာကြည့်တိုက်လေးကို အချိန်ယူအကောင်အထည်ဖော်ပြီးမှစွန့်လွှန့်ရတော့မှာလား ဒယ်ဒီလုပ်ငန်းကိုဆက်လုပ်ဖို့အတွက်လေ မယ့်အတွက်တာဝန်ကြီးလာပြီ။ ဒယ်ဒီဘာလို့ရုတ်တရက်ထွက်သွားရတာလဲ။ ဆို့နစ်ဝဲတတ်လာတတ်တဲ့ မျက်ရည်တွေကိုလက်ခုံနဲ့သုတ်ရင်း ရှိုက်ငိုမိသည်။ ထိုစဥ် ပုခုံးထက်တစ်ပေါက်ပေါက်ကျဆင်းလာတဲ့ မိုးစက်တွေကြောင့် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မျက်ရည်စက်တွေနဲ့မိုးရေစက်တွေကတစ်သားတည်း။
"အနားယူပါတော့ဒယ်ဒီ"
ကားပေါ်သို့ပြေးတတ်ရင်း မောင်းထွက်ခဲ့သည်။ လမ်းတောက်လျှောက်လည်း မျက်ရည်ကြည်တွေစီးကျလို့နေသည်။တစ်ကောင်ကြွက် ဆိုတဲ့စိတ်က ဝမ်းနည်းစိတ်ကိုအစွမ်းကုန်လှုံဆော်သည်။
လောကကြီးထဲ ငါအခုတစ်ယောက်တည်း။လမ်းကြားတစ်ခုထဲချိုးကွေ့ဝင်လိုက်တော့ ရုတ်တရက်မြင်လိုက်သည်က အုတ်ခုံလေးပေါ် တစ်ယောက်ထဲထိုင်နေသောမိန်းကလေးတစ်ဦး။ အတွေးအာရုံတို့ကချက်ချင်းပင်ဒီကောင်မလေးထံလွဲစေခဲ့သည်။
မိုးတွေကသည်းသည်းမဲမဲရွာနေတာ မိုးကလဲချုပ်နေပြီကို ဒီကောင်မလေးကဘာလို့တစ်ယောက်ထဲထိုင်နေရတာလဲ မိုးရေထွက်ချိုးတာလည်းမဖြစ်နိုင် သူ့ကြည့်ရတာတော်တော်ချမ်းနေပုံ ကားထဲမှထီးတစ်ချောင်းကိုဆွဲယူ၍ ဒီကလေးမထံအပြေးသွားမိပြီး ထီးမိုးပေးလိုက်သည်။
YOU ARE READING
Thantophobia
Fantasyလွတ်ထွက်သွားမှာစိုးထိတ်ရုံနဲ့ တင်းကျပ်စွာဆုပ်ကိုင်ထားရခြင်းတွေပါ။ ဆုံးရှုံးရမှာသာမကြောက်တတ်ခဲ့ရင် နာကျင်ရခြင်းကတစ်ကယ်သဘောကျစရာမကောင်းဘူး ။