Part: 13

2K 98 3
                                    

ရန်ကုန်မြို့ရဲ့စည်းစည်းကားကားနေရာတွေကို ကိုယ်စီးဖြတ်သန်းနေကြတဲ့ များပြားစွာသော ကားတွေထဲမှ မီးခိုးရောင်ကားလေးတစ်စီးတွင်တော့ အဖျားခပ်လိတ်လိတ် အညိုရောင်ဆံနွယ်လေးတွေနဲ့ ချစ်စရာကောင်မလေးတစ်ဦးနှင့် ရွှေအိုရောင်ဆံနွယ်တွေပုခုံးထက် သေသပ်စွာဝဲကျနေတဲ့ တည်ငြိမ်တဲ့အလှတရားတစ်ခုကိုဖော်ဆောင်ထားသော မိန်းကလေးတစ်ဦးပါဝင်နေလေသည်။

နူညံ့တဲ့တေးသံစဥ်တစ်ခုလို ခပ်သော့သော့တိုက်ခက်နေတဲ့ ငြိမ်ညောင်းတဲ့လေပြေတွေမှာ ချမ်းအေးတဲ့ ဆောင်းရဲ့ အငွေ့အသက်တို့လွှမ်းခြုံနေတဲ့ ဒီဇင်ဘာရဲ့ညနေခင်းလေးတစ်ခုရယ်ပေါ့ ။

ကားမောင်းနေရင်းနဲ့မှ ဘေးခုံက အကောင်ပေါက်ကိုကြည့်လိုက်တော့ ခပ်သေးသေးဒီကလေးမက မုန့်ထုတ်တွေထဲမှာပင်ပျောက်နေသယောင်။ ဒါတောင်အိမ်ကစထွက်ကတည်းက ဝယ်ထားတဲ့မနည်းမနောသော မုန့်တွေကကားထဲအပြည့်ထပ်ရှိနေသေးတယ်။

မုန့်တွေကို တစ်မြုံ့မြုံဝါးနေတဲ့ သူမရဲ့လှုပ်ရှားနေတဲ့ပါးဖောင်းဖောင်းလေးတွေက တစ်ကယ့်ကိုအသည်းယားစရာအတိပင်။

"ပန်..."

ခပ်တိုးတိုးခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ မျက်နှာလေးက ပကတိအပြစ်ကင်းလှပေတယ်။

"ဖြေးဖြေးစားမှပေါ့ပန်ရဲ့"

"မယ်ကလည်း..ပန်ဖြေးဖြေးပဲစားနေတာကို"

နှုတ်ခမ်းဖူးဖူးလေးကိုစုလိုက်ချွန်လိုက်နဲ့ စူပုတ်ပုတ်ပြောနေတဲ့ ပန်ဟာလေ ဖြေးဖြေးစားနေတယ်သာဆိုတယ် ပါးစပ်တစ်ခုလုံးမှာ ချောကလက်တွေပေပွလို့
မယ် ပန့်ပုံစံ​ ကိုကြည့်ပြီး ကကြီးပုံစံကွေးညွှန့်နေတဲ့ နှုတ်ခမ်းပါးတွေဆန့်တန်းသွားသည်အထိ သဘောတကျရယ်မောလိုက်သည်။ ထို့နောက် မိသွားတဲ့ မီးပ္ပိုင့်ကြောင့် ကားကိုတုန့်ခနဲရပ်ကာ wet tissue ထုတ်ထဲမှ tissueတစ်ရွက်ကိုထုတ်၍ ပေပွနေတဲ့ ပန့်နှုတ်ခမ်းတစ်ဝိုက်ကို ဂရုတစိုက်သုတ်ပေးရလေတယ်။

ပန်နဲ့ လမ်းသွားရင်လေ ကလေးတွေနဲ့သွားရသလို wet tissueကအနည်းဆုံး သုံးလေးထုတ် အမြဲဆောင်ထားရသည်။
မယ်က ကိုယ့်ကိုယ်ကို ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ကောက်ရတယ်ထင်တာ တစ်ကယ်တမ်းကြတော့ ကလေးတစ်ယောက်ကောက်ရတာဖြစ်နေတယ်။

ThantophobiaWhere stories live. Discover now