"ပန်...အခုဘယ်မှာလဲ!!! "
ဒေါသတကြီးအော်ဟစ်လိုက်တော့ မျက်စိရှေ့ကအိမ်စေလေးတွေအကုန် တုန်ခနဲ။ဝိုင်းကစိတ်သိပ်ကြီးသည်။ အခုလည်းပန်အိမ်မှာမရှိတော့ဘူးဆိုတာ သိသိခြင်းချက်ခြင်းပြန်လာခဲ့ပေမယ့် အချိန်အားဖြင့် ၃နှစ်တောင်နောက်ကျခဲ့လေပြီ။
စိုးရိမ်မူ့က ခေါင်းတစ်ခုလုံး ပွင့်ထွက်မတတ် ဘယ်သူ့မှမေးလို့မရတော့ ဒေါသက ဓာတ်ဆီလောင်းပြီးမီးမြိုက်လိုက်တဲ့လောင်စာတစ်ခုလို။"ပန်ဘယ်မှာလဲလို့ ငါမေးနေတယ်လေ!!"
ခွမ်း !! ခွမ်း
ဝိုင်း တွေ့တွေ့သမျှသောပန်အိုးတွေ အကုန်ရိုက်ခွဲပစ်သည်။ အကုန်လုံးလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ပျာယာခက်ကုန်ကြသည်။
"သမီး...ဝိုင်းလေး စိတ်ကိုလျော့ပါဦး"
ကပျာကယာ လာဆွဲသည့်အိမ်တော်ထိန်းကြီးကိုပါဆောင့်တွန်းမိလေသည်။
"ပန့်ကိုပြန်ခေါ်ပေး!! "
"ဝိုင်း! သမီး..."
ထိုစဥ် ဝိုင်းအနားသို့မိခင်ဖြစ်သူဟာ အပြေးအလွားရောက်လာသည်။
"မေ မေမေသိတယ်...။ ပန်ဘယ်မှာလဲ မေမေပြောပြမယ် အရင်ဆုံးဒေါသကိုလျော့ပါဦးသမီးရယ်"
မေမေသည် ဝိုင်း၏ဒေါသကိုစိုးရိမ်ကြီးစွာဖြင့်တားလေသည်။
ပန် ရှိတဲ့နေရာကိုသိသည်ဆိုတော့ မေမေစကားကြောင့် ဝိုင်းမေမေ့ရဲ့လက်နှစ်ဖက်ကို ဆွဲကိုင်လိုက်သည်။"တစ်ကယ်လားမေမေ..။ဒါဆို ဝိုင်းကိုအခုပြောပြ ပန်ဘယ်မှာလဲ"
"သောင်းကျန်းနေတာကိုရပ်လိုက်တော့ ဝိုင်း!"
ဒေါ်မေတိမ်လွှာ သည်အပေါ်ထပ်လှေကားမှ တစ်ထစ်ချင်းဆင်းလာ၍ သြဇာသံအပြည့်ဖြင့်ပြောလိုက်သည်။ တစ်အိမ်လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည်မလို့ အားလုံးဟာခန္တာကိုယ်လေးတွေရို့၍ ငြိမ်သွားကြသည်။
ဝိုင်းက ဒေါ်မေတိမ်လွှာကိုမြင်သည်နှင့် ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး ရှေ့မှောက်သို့ တစ်လှမ်းချင်းလျှောက်သွားသည်။
YOU ARE READING
Thantophobia
Fantasyလွတ်ထွက်သွားမှာစိုးထိတ်ရုံနဲ့ တင်းကျပ်စွာဆုပ်ကိုင်ထားရခြင်းတွေပါ။ ဆုံးရှုံးရမှာသာမကြောက်တတ်ခဲ့ရင် နာကျင်ရခြင်းကတစ်ကယ်သဘောကျစရာမကောင်းဘူး ။