Part: 5

1.9K 131 1
                                    

လမ်းမထက် ပြင်းပြင်းထန်ထန်မောင်းနှင်လာတဲ့ကားထဲတွင် V Shape သဏ္ဍန်မျက်နှာကျမှ မေးရိုးတွေထောင်ထလျှက် စီတီယာတိုင်ကိုတင်းတင်းကျပ်ကျပ်ကိုင်၍ မျက်လုံးတွေရဲတောက်လို့ ဘာစကားတစ်ခွန်းမှမပြောပဲ ကားကိုသာအရှိန်တင်မောင်းနေသည့် ဝိုင်းကဘယ်လောက်ဒေါသထွက်နေမလဲမမှန်းဆရဲအောင်ပင် ။

"ဝိုင်း! သူကလေ မယ်တဲ့...။လူကောင်းတစ်ယောက်ပါဟာ"

"ငါနင့်ကိုမေးနေလို့လား!!"

တင်းမာပြက်သားသည့်လေသံနောက် ပန်ဘာမှဆက်မပြောသာတော့။ မယ့်ကိုဒေါသထွက်ရတာ ဘာကြောင့်လဲမသိပေမယ့် ဝိုင်းရဲ့ဒီလိုလုပ်ရက်ကမယ့်ကိုအတော်လေးအားနာစရာကောင်းသည် ။နောက်နေ့တွေမှာ မယ့်ကိုဘယ်လိုမျက်နှာနဲ့တွေ့ရမလဲ ။ဝိုင်းဟာလေဘယ်တော့မှငါ့မျက်နှာကိုမထောက်ဘူး။

ကားမှန်အပြင်ဘက်ကို စိတ်ညစ်ညစ်နဲ့ကြည့်မိတော့ ညနေစောင်းလာသည်နှင့်အတူ မိုးလေဝသကညို့မှောင်လို့ မိုးဖွဲလေးများက ကားမှန်ကိုမထိတထိလာရိုက်ခက်သည် ပြင်ပမြင်ကွင်း၌တစ်ရိပ်ရိပ်ဖြက်သန်းနေသည့် လမ်းတွေက ပန့်ရဲ့အိမ်ကိုမဟုတ် ဒါဆို ဘယ်ကိုလဲ ဝိုင်း ဘယ်ကိုမောင်းနေတာလဲ။ စိုးထိပ်စိတ်နဲ့ ဝိုင်းဘက်သို့မျက်နှာမူလိုက်သည်။ 

"ဝိုင်း!! ဘယ်ကိုလဲ နင်ဘယ်တွေမောင်းနေတာလဲ"

"ဘယ်ရမှာလဲ...။နင့်အိမ်လေ နင်တစ်သတ်လုံးနေလာတဲ့အိမ်"

ရှေ့တည့်တည့်ကိုသာကြည့်၍ပြောလာတဲ့ ဝိုင်းရဲ့စကားရယ်။ မဟုတ်မှ ။နင်အဲ့ဒီအိမ်ကိုတော့ ငါ့ကိုပြန်မခေါ်သွားဘူးမလား...။မဟုတ်ဘူး။ အဲ့ဒီအိမ်ကိုပဲတည့်တည့်မက်မက် ဝိုင်းကမောင်းနေတာ ။

"ဝိုင်း..မရဘူးနော် ငါအဲ့ဒီအိမ်ကိုပြန်မသွားဘူး ငါ့ကိုမနေစေချင်လို့နှင်ထုတ်ထားတာလေ ငါပြန်သွားလို့ ဘယ်လိုဖြစ်နိုင်မှာလဲ"

"အဲ့တာဆို ဘာလဲ! နင်ကအဲ့ဒီလူရဲ့အိမ်မှာပဲဆက်နေမလို့လား ဟမ် ပန် ပြောစမ်းပါ။ အဲ့ဒီလူကနင့်အတွက်အရမ်းအရေးကြီးလား ငါလုံးဝခွင့်မပြုနိုင်ဘူး နင်အခုကစပြီးငါ့မျက်စိအောက်ကပျောက်ဖို့မစဥ်းစားမိစေနဲ့"

ThantophobiaМесто, где живут истории. Откройте их для себя