Part: 12

1.7K 105 10
                                    

အိပ်ယာထက်ခွေခွေလေးအိပ်ပျော်နေတဲ့သူမဟာ ခြေထောက်မှာသံခြေကြိုးခပ်တာကလွဲရင် ပုံမှန်လူတစ်ယောက်အိပ်ပျော်နေတဲ့အတိုင်းပါပဲ။

ပြတင်းပေါက်လိုက်ကာစကို အသာဖွင့်လိုက်တော့ မနက်ခင်းနေရောင်ခြည်နုနုက ဖြူဥဥ မျက်နှာသေးသေးလေးပေါ်ဖြာကျလာလေတော့ သူမရဲ့မျက်ခွံ့လေးတွေလှုပ်ရွလာခဲ့သည်။

နဖူးပေါ်ဝဲနေတဲ့ဆံနွယ်နုနုလေးကိုအသာဖယ်ရှားပေးရင်း မြတ်နိုးစရာမျက်နှာလေးကြောင့် သွားဖြူဖြူလေးတွေပေါ်လာသည်အထိဝိုင်းပြုံးမိပါတယ်

မနက်စောစောရဲ့နာရီတွေမှာ သူမနဲ့အတူရှိနေခြင်းဟာ အသစ်သစ်သောစိတ်ကြည်နူးမူ့တွေကို မရိုးနိုင်လွန်းစွာဖြစ်ပေါ်စေနိုင်သည်။

မျက်လုံးလေးဖွင့်၍ ထထိုင်လိုက်သည့် သူမမျက်နှာလေးအား လိုက်ငေးကြည့်ရင်း...

"ပန်...! ဘာစားချင်လဲဟင်"

ပန်က ဝိုင်းကိုလည်းမကြည့် ဘာမှလည်းပြန်မပြောပဲ ခြုံထားတဲ့စောင်ကိုသာခေါက်နေသည်။

"ရှမ်းခေါက်ဆွဲစားမလား..ငါသွားဝယ်ပေးမယ်လေ"

ပန့်ရဲ့မျက်လုံးတွေကအသက်မဲ့စွာ ရည်ရွယ်ချက်မရှိ ကြမ်းပြင်ကိုသာငေးစိုက်ကြည့်နေလျှက်။

"ငါသွားဝယ်ပေးမယ်နော်! ခဏလေးပဲစောင့်"

အဖြေမရှိသောမေးခွန်းအား ကိုယ့်ဘာကိုယ်ပြန်ဖြေ၍ ဝိုင်းကပြုံးရွင်စွာပဲ ရှမ်းခေါက်ဆွဲဝယ်ရန် ထွက်သွားသည်။

ဆိုင်က သိပ်မဝေးတာမို့ စက်ဘီးလေးစီးပြီးသာ မြန်မြန်လေးသွားလိုက်သည်။ အတွေးတွေကထူးထူးခြားခြားလတ်ဆက်နေသလို ဒီနေ့ကစပြီး ပန်အမြင်ပြန်ကြည်လာအောင်ကြိုးစားမယ်၊ ထွက်သွားခွင့်မပေးနိုင်တာကလွဲရင် ကျန်တာအားလုံးဖြစ်အောင်လုပ်ပေးနိုင်သည်မလို့ ပန်နည်းနည်းလောက်ဖြစ်ဖြစ်ကိုယ့်ကိုမြင်လာရင်ပဲ နာကျင်ရသမျှအကုန်သင်ပုန်းချေနိုင်ပါရဲ့လေ။

သူရဲ့လက်တစ်ဆုတ်စာကြင်နာမူ့လေးက ကိုယ့်အတွက်ကမ္ဘာကြီးတစ်ခုစာလောက်တည်ဆောက်လို့ရပါကြောင်း သူသိစေဖို့အချိန်ဘယ်လောက်ထိလိုနိုင်မှာတဲ့လဲ စိန်မခေါ်ချင်စမ်းနဲ့ ကိုယ်ကသူ့နဲ့ပတ်သက်ရင် မွေးရာပါကိုစိတ်ရှည်နိုင်လွန်းတာ။

ThantophobiaWhere stories live. Discover now