Part : 11

1.5K 98 2
                                    

ဆေးရုံကဆင်းလာပြီးတဲ့ ပထမဆုံးသောမနက်ခင်း....ကိုယ့်အိမ် ကိုယ့်အခန်းအတွင်းသို့ဖြာကျတဲ့နေရောင်ခြည်တွေကမှပိုနွေးနေသလို၊

၂ပတ်နီးပါးလောက် ဆေးရုံအခန်းလေးထဲဆေးပေါင်းစုံနဲ့ထိတွေ့ကျွမ်းဝင်နေခဲ့ရတဲ့စိတ်ရဲ့မွန်းကြပ်မူ့က အိမ်ပြန်ရောက်မှအသက်ရူချောင်သည်။
တစ်ကိုယ်လုံးမှာစွဲညှိနေတဲ့ ဆေးရုံအနံ့တွေကိုခွာချရန် ရေချိုးခန်းသို့ဝင်လိုက်ပြီး ရေဗန်းအားဖွင့်ချလိုက်တော့ အေးစက်တဲ့ရေရဲ့အထိအတွေ့ကြောင့် ခန္တာကိုယ်ကလန်းဆန်းသလိုရှိလာပေမယ့် စိတ်တွေကတော့ ထူးထူးခြားခြားကြည်လင်လာခြင်းမရှိနေ။

ရွေအိုရောင်ဆံနွယ်တွေကိုသေသပ်စွာဖီးလိုက်ပြီး ပုံမှန်ဝတ်နေကြအတိုင်း ပေါ့ပေါ့ပါးပါးအောက်ခံအင်္ကျီတစ်ထည်ရွေးဝတ်၍ အနက်ရောင် style pantလေးနဲ့တွဲဖက်ကာ အပေါ်ကနီညိုရောင်ကုတ်တစ်ထည်ထပ်ရုံလိုက်တော့ ချောမွတ်နေတဲ့မျက်နှာ ဖြူဝင်းနေတဲ့အသားအရည်နဲ့ပနံသင့်စွာ လိုက်ဖက်မူ့ကလွန်ကဲနေခဲ့သည်။

ဒဏ်ရာတွေပြေပျောက်လိုငြား အရက်ပြင်းတွေလှိမ့်သောက်လို့ စိတ်တွေလေနေခဲ့တဲ့ရက်တွေရော ဆေးရုံရောက်သွားတဲ့ကာလတွေအထိပါ ပစ်ထားမိတဲ့companyအား ပြန်အဖက်လုပ်ရန် ပျံ့လွင့်နေတဲ့စိတ်ကိုကြိုးစားစုစည်းရသည်။

companyထဲသို့လှမ်းဝင်ဝင်ချင်းမှာပဲ စုရုံးနေတဲ့ဝန်ထမ်းတစ်ချို့က အလျင်အမြန်လူစုခွဲ၍ အကြည့်များက ကိုယ့်ထံ မသိမသာစုစည်းလာကြသည်။

"ဟာ!! မမယ်နေကောင်းသွားပြီလား"

တစ်ချို့သောလူများရဲ့ သတင်းမေးခြင်းကို ခေါင်းတစ်ချက်သာဆတ်ပြပြီး ခြေလှမ်းများက ပုံမှန်အတိုင်းလျောက်ကာဖြင့်။ အတွေးရေးမူးမလေးကတော့ စာရင်းတွေကိုင်လျှက် မယ့်နောက်ကထပ်ချပ်မခွာလိုက်ရင်း

"မမယ်ကလည်း..ဆေးရုံကဆင်းဆင်းချင်း နှစ်ရက်သုံးရက်လောက် အိမ်မှာနားနေသင့်တာကို ချက်ချင်းကြီးရုံးလာရတယ်လို့"

"တော်ပါပြီ! မယ်လည်းသက်သာနေတာပဲ ထပ်မနားချင်တော့ဘူး"

တစ်ကယ်တော့ အတွေးတွေလွန်မြောက်ဖို့အတွက်နေရာထပ်မပေးချင်ရုံရယ်ပါ။

ThantophobiaWhere stories live. Discover now