6

15.2K 2K 17
                                    

အပိုင်း - ၆ -

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

အပိုင်း - ၆ -

Freshman ဖြစ်ပေမယ့် သူမတူတဲ့ ရုပ်ရည်ရယ်၊ ပေါင်းသင်း ဆက်ဆံရေးကောင်းမှုတွေကြောင့် ရှောင်းကျန့်က သူ့ရဲ့ အတန်းမှာသာမက senior တန်းတွေထိအောင် နာမည်ကြီးလာတယ်၊ C University ရဲ့ နှင်းဆီခိုင်လေး အဖြစ်နဲ့ပေါ့။

တစ်နေ့တော့ music အတန်းက senior တစ်ယောက်က ရှောင်းကျန့်ကို သူ့ဌာနမှာလာရှာတယ်၊ ရှာရတဲ့ အကြောင်းကတော့ ကောင်မလေးက သူ့ကိုဖြတ်ပြီး ရှောင်းကျန့်နောက် လျှောက်လိုက်နေလို့ပါတဲ့၊ ဒါပေမယ့် ရှောင်းကျန့်မျက်နှာမြင်ပြီး ဘာမှမပြောပဲ ချက်ချင်းလှည့်ပြန်သွားတယ်တဲ့။

ရှောင်းကျန့်က အဲ့ဒီ ရုပ်ချောချော senior ကိုသတိထားမိသွားတော့ senior ဆီသွားပြီး သူ့ရဲ့ပန်းချီ project အတွက် model လုပ်ပေးဖို့ ကမ်းလှမ်းလိုက်တယ်၊ senior ကလည်း ချက်ချင်းပဲ အားရဝမ်းသာ လိုက်ခံလိုက်တယ်၊ သိပ်မကြာဘူး အဲ့ဒီ senior က ရှောင်းကျန့်ကို ပန်းချီကျောင်းသားတွေရှေ့မှာ သဘောကျကြောင်း ဖွင့်ပြောတော့တာပဲ၊ အစ်မကြီးတစ်ယောက်ဆို အရမ်းစိတ်လှုပ်ရှားပြီး ပန်းချီစုတ်တံဆေးတဲ့ရေကိုတောင် သောက်မိတော့မလို ဖြစ်သွားတယ်၊ သူက music ကျောင်းသားဆိုတော့ ရှောင်းကျန့်အတွက် ရေးထားတဲ့ သီချင်းဆိုပြရင်း

"လောကကြီးရဲ့ အတားအဆီးတွေကို ကိုယ်နဲ့ အတူ ချိုးဖြတ်ကြမလား "

အားလုံးက ရှောင်းကျန့် ဘယ်လိုတုန့်ပြန်မလဲ စောင့်နေကြတယ်၊ ဒါပေမယ့် ရှောင်းကျန့် ကလေသံ အေးအေးနဲ့ ငြင်းလိုက်ပါတယ်။

အားလုံးရဲ့စိတ်ထဲမှာတော့ နှမျောစရာကြီးလို့ ခံစားသွားရတယ်၊ ဘာလို့လဲဆိုတော့ ၂ယောက်လုံးက အရမ်းချောတော့ တွဲကြည့်ရတာအရမ်းအဆင်ပြေတာကိုး၊ ရှောင်းကျန့်လည်း တကယ်နှမျောတယ်လေ၊ ဘာလို့လဲဆိုတော့ လာဖွင့်ပြောတဲ့ timing ကလွဲသွားလို့၊ သူတွက်ထားတာထက် အများကြီးကိုစောနေတာ၊ တကယ်တော့ နှစ်သစ်ကူးလောက်ကျမှ senior ကိုဖိတ်ပြီး ဝမ်ရိပေါ်ရှေ့မှာ ဖွင့်ပြောတာမျိုး ဖြစ်စေချင်တာ၊ အဲ့ဒီအချိန်ဆို သူလုံးဝငြင်းမှာမဟုတ်ဘူးလေ၊ အချိန်အဆမနိုင်တဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်၊ တကယ်နှမျောစရာပဲ၊ နောက်ကိုပို သတိထားရမယ်။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Où les histoires vivent. Découvrez maintenant