7

14.8K 1.9K 35
                                    

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

 အပိုင်း - ၇ -

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

အပိုင်း - ၇ -

ဝမ်ရိပေါ် ကောင်မလေးတစ်ယောက်နဲ့ ရုပ်ရှင်ရုံထဲကထွက်လာတာမြင်တော့ ရှောင်းကျန့်ထူးပြီး မအံ့သြတော့ပါဘူး၊ အဲ့ဒီကောင်မလေးက သူ့ကိုစာပို့တဲ့အထဲက တစ်ယောက်မို့ပါ၊  ဝမ်ရိပေါ်က ညှစ်ချင်စရာ မုန်လာဥပုံစံလေးဆိုတော့ ကောင်မလေးတွေသဘောကျလည်း ကျချင်စရာပဲလေ၊ ဒါပေမယ့် ရှောင်းကျန့်က အံအားသင့်သွားတဲ့ပုံဖမ်းရင်း

"ဟေ့..ရိပေါ်.. ဒီကိုဘယ်လိုရောက်လာတာလဲ"

ရှောင်းကျန့်ကိုတွေ့တော့ ဝမ်ရိပေါ်ကရှက်ရယ် ရယ်ရင်း

"တိုက်ဆိုင်လိုက်တာ ကောရာ၊ ငါသရဲကား တယောက်တည်း မကြည့်ရဲလို့လေ၊ အဲ့ဒါ ဒီမမက အဖော်လုပ်ပြီး ကူကြည့်ပေးတာ"

ဝမ်ရိပေါ်က သူ့အကြံတခုမှမပါပဲ ရုံရှေ့ရောက်မှ တိုက်တိုက်ဆိုင် တွေ့ကြသလို ရိုးရိုးသားသား မျက်နှာဘေးလေးနဲ့ပေါ့၊ သရဲကားဆိုတာမျိုးက ရုံထဲမှာဖက်လို့ ကိုင်လို့ တအားအဆင်ပြေစေတဲ့ ကားမျိုးမဟုတ်လား၊ ခုထိတောင်သူ့ရှေ့မှာ တွဲထားလက်တွေက မဖြည်ရသေးဘူး။

ရှောင်းကျန့် သေချာကြည့်လိုက်တော့ ဒီနေ့ဝမ်ရိပေါ်ရဲ့ ဝတ်ပုံစားပုံက နည်းနည်းပြောင်းနေသလိုပဲ၊ လက်မှာလည်း ဘလင်းဘလင်း နာရီအကောင်းစားနဲ့၊ ခလေးပုံပျောက်အောင် အတင်းတွေလုပ်လာခဲ့ပုံရတယ်၊ ရှောင်းကျန့် မျက်စိထဲမှာလည်း ဒီကောင်လေး သူ့ထက်အသက်အများကြီး ကြီးတဲ့ကောင်မလေးနဲ့ လက်တွဲထားတာတောင် မထော်မနန်းဖြစ်မနေဘူး။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Tempat cerita menjadi hidup. Temukan sekarang