47

11.3K 1.5K 49
                                    

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

အပိုင်း - ၄၇ -

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

အပိုင်း - ၄၇ -

နောက်တစ်နေ့မနက်။

အိပ်ယာကနိုးလာတော့ ရှောင်းကျန့် သူ့စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းနိုင်သွားပြီဖြစ်တယ်၊ သူဖန်တီးထားတဲ့ ပုံတွေကိုလည်း ပို့ပေးတော့မှာပါ၊ နှစ်သစ်ကူး လက်ဆောင်အဖြစ်နဲ့ပေါ့။

ရှောင်းကျန့် သူ့ရဲ့ပလန်ကို တွေးမိပြီး စိတ်ထဲနည်းနည်းတော့ နေလို့ကောင်းသွားတယ်၊ ဒါပေမယ့် မနက်စာစားဖို့ ဆင်းလာတော့ အောက်ထပ်ကို ရောက်ရောက်ချင်း ဝမ်ရိပေါ်လှမ်းဖက်တာ ခံလိုက်ရတယ်။

"ကော.. နှင်းတွေကျနေတယ်သိလား... ငါနဲ့အပြင်ထွက်ပြီး ဆော့ရအောင်လေ... နော်"

ရှောင်းကျန့်တို့မြို့က နှင်းကျတာနည်းတယ်၊ သူမှတ်မိသလောက် အများဆုံးကျဖူးတာဆိုလို့ လမ်းမပေါ် နည်းနည်းပါးပါး ဖုံးသွားရုံလောက်ပဲ၊ အပြင်ကို လှမ်းကြည့်လိုက်တော့လည်း ထွက်ဆော့လို့ ရလောက်အောင် မဟုတ်သေးဘူး၊ အိမ်မှာရှိတဲ့ သကြားကမှ များအုန်းမယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်ကို ရှောင်းသူဌေးက လှမ်းပြီးအကဲခတ်နေတာမို့ ရှောင်းကျန့်လည်း ဝမ်ရိပေါ်ကို မငြင်းဖြစ်တော့ဘူး။

"အင်း မုန့်အရင်စားလေ.... ပြီးရင် ခဏထွက်ကြည့်ကြတာပေါ့"

သူ့အစ်ကို ခေါင်းငြိမ့်လိုက်တာနဲ့ ဝမ်ရိပေါ်မနက်စာ အမြန်ဆုံးစားပြီး အဝတ်ထူထူလေးသွားလဲလိုက်တယ်၊ ပြီးတော့ ဧည့်ခန်းထဲမှာ ငုတ်တုတ်လေး ထိုင်စောင့်နေတယ်၊ ဝမ်ရိပေါ်ပုံစံက လမ်းလျှောက်ထွက်ဖို့ သခင်ကို အမြီးလေးယမ်းပြီး စောင့်နေတဲ့ ခွေးလေးလိုပဲ။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Où les histoires vivent. Découvrez maintenant