102

11K 1.3K 101
                                    

အပိုင်း - ၁၀၂ -

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း - ၁၀၂ -

ယူသွားရမယ့်မုန့်စာရင်းကို ရှောင်းကျန့်ကို ချက်ချင်းမပြောပြပဲ၊ သူတို့ရဲ့ ပေါ်ပေါ်လေးကို ငယ်ငယ်က နှိပ်စက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တုဖေးဆီမှာ တရားနာခဲ့ရသေးတယ်၊ ၁၀မိနစ်လောက် နားပူခံပြီးတဲ့အချိန်မှာတော့ ဝယ်ရမယ့်စာရင်းတွေ ရှောင်ရှားဆီကို အောင်အောင်မြင်မြင်နဲ့ ပို့ပေးနိုင်ခဲ့ပြီဖြစ်တယ်။

နောက်တစ်နေ့မနက်စောစောမှာတော့ ရှောင်းကျန့်ဟာ စားစရာအပြည့်တင်ထားတဲ့ကားနဲ့ ရိုက်ကွင်းရှိရာကို ထွက်လာခဲ့ပါတယ်၊ လည်ပတ်ခွင့်ပေးတယ်ဆိုပေမယ့်လည်း ရိုက်ကွင်းထဲထိအောင် သွားခွင့်မပြုပဲ ဖန်ကလပ်ကသတ်မှတ်ပေးထားတဲ့စုရပ်မှာသာ နေခွင့်ပေးတာဖြစ်တယ်၊ တကယ်တော့ ဖန်ကလပ်ကလည်း ရိုက်ကွင်းအတွက် တချို့တလေပြင်ဆင်ထားပေးတာတွေရှိပါတယ်၊ ဒါပေမယ့် ရှောင်းကျန့်ယူလာတာတွေကတော့ ရိုက်ကွင်းတစ်ခုလုံးကျွေးလို့ရနိုင်လောက်တဲ့ ပမာဏမို့ ဖန်ကလပ်ခေါင်းဆောင်က အထူးတဆန်းဖြစ်လို့နေပါတယ်။

"ဒါတွေကို ကျွန်တော်ပေးတာလို့ မပြောပါနဲ့.. ဖန်ကလပ်အနေနဲ့ပဲ ပေါင်းပြီးကျွေးပေးလို့ရမလား"

တကယ်တမ်း ရှောင်းကျန့်ကျွေးမှန်းသိသွားရင် သူ့ညီကငြင်းလွှတ်မှာစိုးရတယ်မလား၊ ပုံမှန်ဆို ဒါမျိုးစကားကြားရင် ဒီလိုလာကြောရလားဆိုပြီး ဖန်ကလပ်ခေါင်းဆောင်ကစိတ်ဆိုးမှာပါ၊ ဒါပေမယ့် သူမအရှေ့မှာရပ်နေတဲ့ ကောကောရဲ့မျက်နှာက သူမဆီကအငြင်းစကားထွက်မလာအောင် ပိတ်ပင်နေသလိုပါပဲ။

"ရှင့်နာမည်က ဘယ်လိုခေါ်လဲ"

"ရှောင်းကျန့်ပါ"

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now