128

15.6K 1.3K 61
                                    

အပိုင်း - ၁၂၈ -

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

အပိုင်း - ၁၂၈ -

ရှောင်းကျန့်ကတော့ ဒီကောင်လေးသူ့အပေါ်မှာတစ်ခုခုကို ဖုံးကွယ်ထားပြန်ပြီလို့ထင်နေမိတယ်။

တကယ်တော့ သူစိုးရိမ်နေမှာစိုးလို့ လှိမ့်ဖို့လုပ်နေတာဖြစ်ရမယ်၊ ဒါပေမယ့် ခပ်ပြုံးပြုံးကြည့်နေတဲ့ ဝမ်ရိပေါ်ရဲ့အပြုံးက တကယ်ကိုချိုလွန်းတယ်၊ ရှောင်းကျန့် ဝမ်ရိပေါ်ကို သတိလက်လွတ်ငေးကြည့်နေရင်း အသိဝင်လာပြီး ကိုယ့်ပေါင်ကိုယ် တစ်ချက်ထပ်ဆွဲဆိတ်လိုက်တယ်။

မဖြစ်ဘူး၊ ဒီကောင်လေး လူလည်ကျနေတာကို လက်ခံလိုက်လို့ မဖြစ်ဘူး၊ သူ့ညီကလည်း ဘာဆေးလဲဆိုတာကို အဆုံးထိပြောမယ့်ပုံမပေါ်ဘူး၊ ဒါပေမယ့်ရှောင်းကျန့်ကလည်း ကန်းနေတဲ့သူမှမဟုတ်တာ၊ သေသေချာချာစစ်ဆေးကြည့်ရင် ဘယ်နားမှာ ပြသနာရှိနေလဲဆိုတာ သိရမှာပဲလေ။

ဒီလိုအတွေးနဲ့ ရှောင်းကျန့် မျက်စိကို လေဆာmode ပြောင်းလိုက်ပြီး X ray စက်တစ်ခုလို အဝတ်အစားကပ်မနေတဲ့ သူ့ညီရဲ့ ခန္ဓာကိုယ်အနှံ့ရှာဖွေမှုတွေ စလုပ်ပါတော့တယ်၊ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အကြည့်ကြောင့် အနည်းငယ်လန့်သွားသလိုအမူအယာနဲ့ ရင်ဘက်ရှေ့မှာ လက်နှစ်ဖက်ကို ယှက်ထားလိုက်ပြီး

"ကော.. ငါ့ကိုဘာလုပ်ချင်လို့လဲ"

"မင်းကကြည့်ကောင်းလို့လေ... ဒီလိုပဲတွန့်တိုနေတော့မှာလား..နည်းနည်းလေးတောင်ကြည့်လို့မရဘူးလား?"

"......"

ရှောင်းကျန့်စကားကြောင့် ဝမ်ရိပေါ်မျက်နှာလေးရဲသွားပြီး၊ ဘာမှထပ်မပြောတော့ပဲ၊ သူ့ကောစိတ်တိုင်းကျလုပ်ဖို့ လိမ်လိမ်မာမာနဲ့ခွင့်ပြုထားလိုက်ရတယ်။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Où les histoires vivent. Découvrez maintenant