53

11.2K 1.5K 48
                                    

အပိုင်း - ၅၃ -

အိမ်ကထွက်လာပြီး ရှောင်းကျန့် ဦးတည်ရာမဲ့လျှောက်သွားနေခဲ့တယ်။

ဒါပေမယ့် ညကလည်းပိုပြီးအေးလာပြီမို့ နေစရာတစ်ခုခုရှာဖို့ စဉ်းစားလိုက်တယ်၊ ရှောင်းကျန့် နေရာရှာဖို့ ဖုန်းကိုထုတ်လိုက်တယ်၊ ဖုန်းစခရင်မှာ ပေါ်နေတာက ဝမ်ရိပေါ်ဆီကပို့ထားတဲ့ စာတွေ။

"ကော.. ဒီနေ့ street dance ပြိုင်ပွဲရှိတယ်... Live ပြမှာ.. အားရင်ဝင်ကြည့်နော်.. link ပေးထားခဲ့မယ် ဟာထု ❤️ "

ရှောင်းကျန့် ပေးထားတဲ့ link ကိုမဝင်ပဲ သူ့ကို ဆက်သွယ်လာနိုင်တဲ့ နေရာမှန်သမျှကနေ ဝမ်ရိပေါ်ကိုရော ဝမ်ရိပေါ်ရဲ့ သူငယ်ချင်းတွေကိုရော တစ်ယောက်မကျန် ဘလော့ပစ်လိုက်တယ်၊ သူ့ကို သားလို့ အသိအမှတ်မပြုတာတောင် သားလိမ္မာ ရှောင်းကျန့်က သူ့အဖေစကားကို နောက်ဆုံးထိ မပယ်ရှာနိုင်ဘူးဆိုပါတော့။

ရှောင်းကျန့် သူ့အဖေကို တကယ်မုန်းရင် ဝမ်ရိပေါ်ကိုအရွဲ့တိုက်ပြီး ဆက်ဆွဲထားလို့ရတာပဲ၊ ဒါပေမယ့် နှစ်၂၀ကျော်ကြာ ချစ်ခွင့်ပေးခဲ့တဲ့ အဖေကို ရိုက်ခံရရုံ၊ ဆဲခံရရုံ၊ အိမ်ပေါ်က နှင်ချခံရုံနဲ့ သူမမုန်းနိုင်ခဲ့ဘူး၊ သူ့အဖေမဟုတ်တော့ရင်တောင် မုန်းနိုင်မှာ မဟုတ်ဘူး၊ တကယ်တမ်းမုန်းရမှာက လောကကို ကောင်းချီးပေးမခံရတဲ့ မွေးဖွားခြင်းနဲ့ ရောက်လာတဲ့ သူ့ကိုယ်သူပဲ။

လမ်းမှာရပ်နေရင်း အရမ်းအေးလာတာမို့ ရှေ့နားလာရပ်တဲ့ bus ပေါ်တက်ဖို့ပြင်လိုက်တယ်၊ ဒါပေမယ့် သူ့အိတ်ထဲမှာ ကားထဲထည့်ဖို့ အကြွေတစ်စေ့တောင်ပါမလာဘူး၊ ရှောင်းကျန့် ပိုက်ဆံထည့်တဲ့ ပုံးရှေ့မှာ ငူငူငိုင်ငိုင်ကြီးရပ်နေတာတွေတော့ ဦးလေးကြီးတစ်ယောက်က သူ့အတွက်ပါထည့်ပေးသွားတယ်၊ ရှောင်းကျန့်က ကျေးဇူးတင်စကားဆိုတော့ သူ့မျက်နှာက ဒဏ်ရာတွေကိုပါ မြင်သွားပုံရတယ်။

"ရပါတယ် ငါ့တူရယ်.. ဂရုစိုက်နော်"

ရှောင်းကျန့်သတိထားမိသလောက် အဲ့ဒီအန်ကယ်မှာ မိန်းမနဲ့ မူလတန်းအရွယ် ကလေးတစ်ယောက်လည်း ပါလာသေးတယ်၊ မိသားစု၃ယောက်သား အထုပ်ကြီး အထုပ်ငယ်နဲ့ shopping ထွက်ပြီး ပြန်လာပုံရတယ်၊ ကလေးလေးက အငြိမ်မနေပဲ အဖေပေါ်မှာဆော့နေတယ်၊ အမျိုးသမီးက ငြိမ်ငြိမ်နေအောင် မာန်တယ်၊ အန်ကယ်က သူ့မိန်းမကို မဆူဖို့လှမ်းတားတယ်၊ ကလေးလေးက သူ့အဖေ ရင်ခွင်ထဲဝင်ပြီး သူ့အမေကိုပြောင်ပြနေတယ်၊ ဘယ်လိုကြည့်ကြည့် ချစ်စရာကောင်းတဲ့ မိသားစုလေးပဲ။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Où les histoires vivent. Découvrez maintenant