131

14.2K 1.4K 164
                                    

အပိုင်း - ၁၃၁ -

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.


အပိုင်း - ၁၃၁ -

ရှောင်းကျန့် လက်စွပ်ကို သူ့ရဲ့လက်မှာစွပ်လိုက်ပြီး အရူးလိုပြုံးပြီး ကြည့်နေခဲ့တယ်။

ခဏကြာတော့မှ ပိုင်ရှန်းကော် အိမ်ရှေ့မှာစောင့်နေတယ်ဆိုတာကို သတိရသွားတယ်၊ ဒါကြောင့် ဝမ်ရိပေါ်ရဲ့ အဝတ်အစားထည့်တဲ့အခန်းထဲက ဆွဲကြိုးတစ်ခုရှာကာ လက်စွပ်နဲ့တွဲလိုက်ပြီး လည်တိုင်မှာ ဆွဲလိုက်တယ်၊ အဲ့ဒီနောက်တော့ လက်စွပ်ကို ကော်လာအောက်မှာ သေချာထည့်ဖွက်လိုက်ပြီး အပြင်ပြန်ထွက်လာလိုက်ပါတယ်။

ပိုင်ရှန်းကော်ကိုတော့ ဆေးသေတ္တာရှာနေရလို့ အချိန်ကြာနေတာဆိုပြီး ခပ်တည်တည်နဲ့လှိမ့်ရသေးတယ်၊ ဒါပေမယ့် ပိုင်ရှန်းကော်ကိုကြည့်ရတာ စိတ်လွင့်နေသလိုပုံစံနဲ့မို့ သူပြောနေတာကိုလည်း အာရုံရှိတဲ့ပုံမပေါ်ဘူး။

ရှောင်းကျန့်သေချာလေး ကူညီပေးလိုက်မှပဲ ပိုင်ရှန်းကော်ရဲ့နှာခေါင်းသွေးဇာတ်လမ်းက တစ်ခန်းရပ်သွားခဲ့ပါတယ်၊ ဝယ်လာတဲ့မနက်စာက စားဖို့အဆင်မပြေတော့တာကြောင့် ပိုင်ရှန်းကော်က အသစ်ပြန်သွားပေးမယ်ဆိုပြီး ပြန်ထွက်သွားဖို့လုပ်တယ်၊ ဒါပေမယ့် ရှောင်းကျန့်က အနောက်ကနေလိုက်သွားပြီး

"ကျွန်တော်တို့ မတွေ့တာကြာလှပြီပဲဟာ.. မနက်စာအတူတူစားကြရအောင်"

"......"

ရှောင်းကျန့်ရဲ့ဖိတ်ခေါ်မှုကို ပိုင်ရှန်းကော်က တစ်ခုခုကိုစိုးရိမ်နေသလိုပုံစံနဲ့ လက်မခံပဲနေနေတာမို့ ရှောင်းကျန့်လည်း အားနာသွားပြီး

"ညီမမှာအလုပ်ရှိရင်တော့သွားပါ.. ကျွန်တော်ပြောတာကိုစိတ်ထဲမထားပါနဲ့.. ကျွန်တော်တစ်ယောက်တည်း သွားစားလို့ရပါတယ်"

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Où les histoires vivent. Découvrez maintenant