130

15.4K 1.4K 95
                                    


အပိုင်း - ၁၃၀ -

အိပ်ယာကနိုးနိုးချင်း ရှောင်းကျန့် သူ့ဘေးနားကိုစမ်းကြည့်တော့ မျှော်လင့်ထားတဲ့သူကရှိမနေပဲ အေးစက်စက် အိပ်ယာခင်းကိုသာ စမ်းမိလိုက်တယ်။

ရှောင်းကျန့် အလန့်တကြားနဲ့မျက်စိကို ဖွင့်ကြည့်လိုက်တော့ တကယ်ပဲသူ့ဘေးမှာ ဘယ်သူမှရှိမနေဘူး၊ သူ့ရဲ့အဝတ်အစားတွေကတော့ ကုတင်ခြေရင်းမှာခေါက်ရက်သား အပုံလိုက်ကလေး၊ ဝမ်ရိပေါ် ဒီသောက်ကလေးလေးက လွန်ခဲ့တဲ့၆နှစ်ကအတိုင်း ထွက်သွားပြန်ပြီလား။

ရှောင်းကျန့်မကျေမနပ်နဲ့ စုတ်တစ်ချက်သတ်လိုက်မိတယ်၊ သူ့ရင်ထဲမှာလည်း ဒေါသမီးတွေနဲ့ ပူလောင်လာရပြန်ပြီလေ၊ ရှောင်းကျန့်စိတ်တိုတိုနဲ့ တွေ့တဲ့ရှပ်အကျီတစ်ထည်ဆွဲဝတ်ပြီး ထွက်လာခဲ့တယ်။

အရင်တုန်းကလိုပါပဲ။

ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းထဲမှာ လူတစ်ယောက်မှရှိမနေတာမို့ ရှောင်းကျန့်တော်တော်လေး ဆွံ့အသွားမိတယ်၊ အဲ့ဒီအချိန်မှာပဲ အိမ်ရှေ့ကခြေသံကြားလိုက်ရတာမို့ ရှောင်းကျန့်အပြေးအလွှားနဲ့ တံခါးသွားဖွင့်ကြည့်မိတယ်၊ ဒါပေမယ့် မျှော်လင့်ထားသလိုမဟုတ်ပဲ လှပပြီးချစ်စရာကောင်းတဲ့ မျက်နှာလေးတစ်ခုကိုသာ တွေ့လိုက်ရပါတယ်။

ပိုင်ရှန်းကော်က လျှောက်လမ်းရဲ့ အဆုံးမှာရပ်နေပြီး ရှောင်းကျန့်ကို ပါးစပ်အဟောင်းသားနဲ့ ပြန်ကြည့်နေခဲ့တယ်၊ ထိုအချိန်မှာပဲ ကောင်မလေးလက်ထဲကအထုပ်တွေကလည်း ဘုတ်ခနဲ့အောက်ကို ပြုတ်ကျသွားတယ်၊ ဟင်းရည်တွေပါဖိတ်ကုန်တာမို့ ကြည့်ရတာမနက်စာအတွက် ဝယ်လာခဲ့တာဖြစ်နိုင်တယ်။

"ရှောင်းကျန့်ကောကော!!!"

နာမည်ခေါ်သံကြားလိုက်တော့မှ ကြက်သေသေနေတဲ့ ရှောင်းကျန့်လည်း သူဝတ်ထားတဲ့ပုံစံကို သတိထားမိသွားတယ်၊ ဝတ်ထားတဲ့ရှပ်အင်္ကျီကအရှည်မို့ အဓိကနေရာတွေ ပေါ်မနေသော်ငြားလည်း ခရမ်းပုတ်ရောင်အမှတ်အသားတွေနဲ့ ကိုက်ရာတချို့ကိုမြင်လိုက်ရုံနဲ့ ဒီအိမ်မှာဘာတွေဖြစ်ထားခဲ့လဲဆိုတာ တွေးကြည့်စရာမလိုပဲ သိနိုင်လောက်တဲ့ အခြေအနေမျိုးပါ။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now