105

11.5K 1.2K 63
                                    

အပိုင်း - ၁၀၅ -

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း - ၁၀၅ -

ဝမ်ရိပေါ် သူ့အရှေ့မှာရပ်နေတဲ့သူကို စက္ကန့်အနည်းလောက် ကြောင်အပြီး ရပ်ကြည့်နေမိတယ်၊ အပေါက်ကနေချောင်းကြည့်လိုက်တုန်းက မြင်မိတဲ့မျက်နှာက သူ့ရဲ့စိတ်ကူးပုံရိပ်မဟုတ်ပဲ၊ တကယ့်လူအစစ်ကြီးဖြစ်နေခဲ့တာလား။

သွားပြီ၊ သူဖွင့်မကြည့်ခဲ့သင့်ဘူး။

ဝမ်ရိပေါ် သတိဝင်လာတာနဲ့တစ်ပြိုင်နက် တုံ့ဆိုင်းမနေပဲ တံခါးကို ဘန်းခနဲပိတ်ချလိုက်တယ်၊ အရမ်းအားနဲ့ဆွဲပိတ်လိုက်တဲ့အတွက် တံခါးဟာဘောင်နဲ့ ပြင်းပြင်းထန်ထန်ရိုက်မိသွားတယ်။

ရှောင်းကျန့်ရပ်နေတဲ့ လျှောက်လမ်းလေးဟာ တဖန်ပြန်လည်ပြီး တိတ်ဆိတ်သွားပါတော့တယ်၊ အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းတဲ့အတွက် ရှောင်းကျန့်အနေတဲ့ အလုံးစုံနားလည်နိုင်ဖို့ အချိန်အနည်းငယ်ယူလိုက်ရတယ်၊ ဒါပေမယ့် ကြေကြေညက်ညက်နားမလည်သေးခင်မှာပဲ အတွင်းခန်းထဲက တစ်ခုခုကျကွဲတဲ့သံနဲ့အတူ ဝမ်ရိပေါ်ဆီကထိခိုက်သွားလို့ ခပ်တိုးတိုးညည်းလိုက်တဲ့အသံကို ကြားလိုက်ရတယ်။

ဒီအသံဟာ ရှောင်းကျန့်ကို ရုတ်တရက်လှုပ်နှိုးလိုက်သလိုပါပဲ။

ခုချိန်မှာတော့ ဝမ်ရိပေါ်ကဝင်ခွင့်မပေးလို့ ဝမ်းနည်းနေရတဲ့စိတ်ထက် ဝမ်ရိပေါ် အန္တရာယ်ကင်းရေးသာ ရှောင်းကျန့်ခေါင်းထဲမှာ ရှိပါတော့တယ်၊ ဒါကြောင့်ပိတ်ထားတဲ့ တံခါးကိုပြင်းပြင်းထန်ထန်ထုရင်း တံခါးကြားကနေ အသံပြာတဲ့အထိ အော်ဟစ်ပြီးမေးနေမိတယ်။

"ရိပေါ်... ရိပေါ် ကောကိုဖြေအုန်း? အဆင်ပြေရဲ့လား? ဘယ်နားထိခိုက်သွားတာလဲ? A..Ambulance ခေါ်ပေးရမလား?"

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now