123

14.6K 1.3K 18
                                    

အပိုင်း - ၁၂၃ -

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.

အပိုင်း - ၁၂၃ -

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့အနောက်ကလိုက်လာပြီး Lift ထဲကိုလိုက်ဝင်လိုက်တယ်၊ ဒီ Lift က အပေါ်ဆုံးထပ် တစ်ထပ်တည်းကိုပဲ သွားတဲ့ Lift တဲ့၊ တံခါးပွင့်သွားတာနဲ့ မြင်လိုက်ရမှာက လျှောက်လမ်းအကျယ်ကြီး တစ်ခုပါ၊ အိမ်အတွင်းထဲကိုဝင်တဲ့ တံခါးဆိုရင်လည်းနှစ်ထပ်တောင်ရှိတယ်၊ ပြီးတော့ လုံခြုံရေးအတွက်လည်း CCTV တွေနဲ့ တင်းတင်းကျပ်ကျပ်ကို စောင့်ကြည့်ထားပုံရတယ်။

တံခါးရဲ့ pw ကို ဝမ်ရိပေါ်ရိုက်ထည့်ပြီး ဖွင့်နေတဲ့အချိန်မှာတော့ ရှောင်းကျန့်က တမင်မကြည့်တာမဟုတ်ပါဘူး ဖိနပ်ကြိုးဖြည်နေရင်း အနားကဖိနပ်စင်မှာတင်ထားတဲ့ အိမ်တွင်းစီးဖိနပ်တစ်ရံကြောင့် အတွေးပွားနေရတာမို့လို့ပါ၊ ဖိနပ်က မိန်းကလေးစီးဖိနပ်ဖြစ်ပြီး တစ်ဖက်မှာအမွေးပွယုန်ပုံနဲ့ နောက်တစ်ဖက်မှာ ပန်းနုရောင်ဝက်ပုံကို ကပ်ထားပါတယ်။

ဖိနပ်ကြောင့် ရှောင်းကျန့်ရဲ့မျက်နှာက အနည်းငယ်မသာမယာဖြစ်သွားပြီး

"မင်းနဲ့ မင်းရဲ့အခန်းဖော်က..."

ရှောင်းကျန့်ဆီက စကားသံထွက်လာတာနဲ့ ဝမ်ရိပေါ်ကချက်ချင်းလှည့်ကြည့်လာပါတယ်၊ သူ့အစ်ကိုကြည့်နေတဲ့ ဖိနပ်ကိုတွေ့သွားပေမယ့် ဘာမှဖြေရှင်းမလာပဲ၊ ရှောင်းကျန့်ရဲ့မျက်လုံးတည့်တည့်ကိုကြည့်လာပြီး

"စိတ်ထဲထားလို့လား?"

ဝမ်ရိပေါ်ရဲ့ အမေးကြောင့် ရှောင်းကျန့်အသက်ရှူနည်းနည်းလေးကျပ်ချင်သွားတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ပဲ ဖြေပြီးတွေးလိုက်ပါတယ်၊ ဝမ်ရိပေါ်က အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပဲ၊ ပြီးတော့ တက်တက်ကြွကြွရှိနေတဲ့ ဒီလိုမျိုးအသက်အရွယ်မှာ Sxx ကိုရှောင်နိုင်ဖို့ဘယ်လွယ်ပါ့မလဲ၊ တွဲနေတဲ့သူမျိုးမရှိရင်တောင် ပါတနာတစ်ချို့တလေတော့ရှိမှာပဲလေ၊ တကယ်တွဲနေတာမှ မဟုတ်တာ ရှာလကာရည်သောက်မနေစမ်းနဲ့။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Hikayelerin yaşadığı yer. Şimdi keşfedin