116

12.1K 1.2K 25
                                    

အပိုင်း - ၁၁၆ -

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

အပိုင်း - ၁၁၆ -

B city ကိုမသွားခင်မှာပဲ ရှောင်းကျန့်လက်ထဲကို ပိုင်ဆိုင်မှုလွှဲပြောင်းဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ရောက်ရှိလို့လာပါတယ်။

စာရွက်တွေကတကယ်ကို အထပ်လိုက်ကြီးပါ၊ ရှေ့နေကတော့ ရှောင်းကျန့်ကို စိတ်မကောင်းသလိုကြည့်နေခဲ့ပါတယ်၊ မပြန်ခင်မှာတော့

"ဆုံးဖြတ်ချက်မချခင် ပေးထားတဲ့စာရွက်စာတမ်းတွေကို အကုန်ဖတ်ကြည့်ဖို့ Mr ရှောင်းကို ကျွန်တော်အကြံပေးချင်ပါတယ်"

ရှေ့နေစကားကိုရှောင်းကျန့် ပြုံးရုံသာပြုံးပြီး တုံ့ပြန်လိုက်တယ်၊ တကယ်တော့ ရှောင်းကျန့် ဆုံးဖြတ်ထားခဲ့တာ ကြာလှပါပြီ၊ ပိုင်ဆိုင်မှုစာချုပ်တွေက ဘယ်လောက်ပဲထူနေပါစေ သူ့စိတ်ကိုတော့ဘယ်တော့မှ ပြန်ပြောင်းမှာ မဟုတ်ပါဘူး၊ ဒါကြောင့် စာရွက်တွေကို သေချာတောင်လှပ်မကြည့်တော့ပဲ နောက်ဆုံးစာရွက်ကို ချက်ချင်းလှန်ပြီး သူ့လက်မှတ်ကိုထိုးလိုက်ပါတယ်၊ ပြီးတော့ ထိုစာရွက်ကိုဖြုတ်လိုက်ပြီး စတုရန်းပုံစံလေးထောင့်အကွက်လေးပဲကျန်အောင် အထပ်ထပ်ခေါက်ကာ အိပ်ကပ်ထဲမှာသေချာထည့်ပြီး သိမ်းထားလိုက်ပါတယ်။

ဘယ်လိုနည်းပဲသုံးရသုံးရ သူ့ညီလေးရဲ့လက်မှတ်ကို ဒီစာရွက်ပေါ်ရောက်လာအောင်လုပ်မှာပါ၊ လက်ထဲက အပူစာတွေကို မြန်မြန်ပြန်ပေးနိုင်မှ သူနေလို့အဆင်ပြေသွားမှာမို့လို့ပါပဲ။

ပြီးတော့ ဆုံးဖြတ်ရမယ့် နောက်ကိစ္စတစ်ခုရှိသေးတယ်၊ ရလာတဲ့ VIP လက်မှတ်က ၂ယောက်စာဖြစ်နေတာမို့ နောက်ထပ်ခေါ်သွားရမယ့် လူတစ်ယောက်ကို ရှောင်းကျန့်ခေါင်းကိုက်မတတ် စဉ်းစားနေရတယ်၊ company ကလူတွေက ဝမ်ရိပေါ်ဖန်တွေချည်းပဲ၊ သူ့မှာလက်မှတ်ရှိတယ်ကြားတုန်းကဆို အနားမှာလာပြီး ဂျီကျနေကြသေးတာ၊ ပြီးတော့ ပြိုင်ဖက်တွေကိုကျ သဘောထားကြီးကြီးထားပြီး ခေါ်မသွားချင်တဲ့ စိတ်ပုတ်လေးကလည်းရှိသေးတာ။

Brother Friend [兄友弟恭 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Opowieści tętniące życiem. Odkryj je teraz