Chapter 25: Resignation (1)

575 152 9
                                        

[UNICODE]

ဟယ်လို...အပိုင်းသစ်လေး ဘာသာပြန်လို့ပြီးသွားပါပြီရှင်ပြီးတာနဲ့ တန်းတင်ပေးလိုက်တယ်နော်အရင်လို ဘယ်နေ့ တင်ပေးမယ်လို့တော့ မသတ်မှတ်တော့ဘူးနော်ဒါမယ့် တစ်ပတ် အနည်းဆုံး တစ်ပိုင်း update ပေးပါ့မယ်လို့အားလုံး have a sweet dreamပါ
===============================================================================================================================================================


Red Guestက Saint Elephant နဲ့ မတူပါ။ စတူဒီယို နှစ်ခုလုံးသည် မျက်နှာချင်းဆိုင်အနေအထားတွင်ရှိသည့် သုံးထပ်တိုက်လေးချင်း တူသောကြောင့် အပြင်ပန်းမှာ ပုံစံတူလှသည်။ သို့သော် အတွင်းပြင်ဆင်ထားသည်မှာ အတော်ကွာခြားသည်။ Saint Elephant ကဲ့သို့ ထည်ထည်ဝါဝါ ပြင်ဆင်ထားသည်နှင့်ယှဉ်မည်ဆိုလျှင် Red Guest ၏ပြင်ဆင်မှုမှာ ပိုနွေးထွေးသည်။ ခန်းမကျယ်ကြီးချင်းတူသော်လည်း Saint Elephant ထက် ဝန်ထမ်းအင်အားပိုများခြင်းက လူကို သက်သောင်သက်သာဖြစ်စေသည်။

"လက်ဖက်ရည် သောက်ပါဦး"ဟု ဆံပင်ရှည်ရှည် အရပ်ရှည်နှင့် ဧည့်ကြိုကောင်တာမှ အမျိုးသမီးက လက်ဖက်ရည်နှင့်မုန့်ကို ဟဲပိုင်ရှေ့လာချပေးလိုက်သည်။ ထို့နောက် ဘေးနားက မဂ္ဂဇင်းကို တစ်ချက်မျက်လုံးနှင့် ညွှန်ပြပြီး အပြုံးလေးနှင့် ပြောလိုက်သည်။


"ကျွန်မလုပ်ဖော်ကိုင်ဖက်က သူဌေးကို သွားခေါ်နေပါတယ် ခဏလောက်စောင့်ပေးပါ။ ဒီမှာ အရင်က ကျွန်မတို့စတူဒီယိုက လုပ်ထားတဲ့ မဂ္ဂဇင်းတွေ အလုပ်တွေအများကြီး ရှိပါတယ်။ စိတ်ဝင်စားတယ်ဆို ယူကြည့်လို့ရပါတယ်ရှင့်။"

ဒီလို ဖော်ရွေသည့် ဆက်ဆံမှုကြောင့် ဟဲပိုင် Red Guest အပေါ်ပိုပြီး သဘောကျလာသည်။ အပြုံးလေးနှင့် ရိုသေစွာ ပြန်မေးလိုက်သည်။

"ကျန်းရှုန်ဝမ်မိန်းကလေးက မင်းတို့သူဌေးလား"

ဝယ်သူပြောတော့ သူက ဘွဲ့ရပြီးကာစ အခု အလုပ်သင်ဆို အခုတော့ Red Guest ရဲ့...ဝန်ထမ်းလည်း ပြုံးစိစိနှင့်အနောက်တစ်ချက်လှည့်ကာ မရယ်အောင်မနည်းထိန်းနေဟန်နှင့်

"ဟုတ်ပါတယ် ကျွန်မတို့ သူဌေးနာမည်က ကျန်းရှုန်ဝမ်ပါ။ ဟို ခဏထိုင်ပါဦး ကျွန်မ မုန့်အသစ်လဲပေးဖို့ သွားယူလိုက်ပါဦးမယ်" ပြောလို့အပြီးမှာ လင်ဗန်းကာပြီး ရယ်ကာ မျက်နှာကြီးရဲပြီး အမြန်ထွက်သွားခဲ့သည်။

One Useless rebirth ( မြန်မာဘာသာပြန်)Место, где живут истории. Откройте их для себя