[UNICODE]
အရင်ဘဝတုန်းက ဟဲပိုင်က ရှုခင်းပုံတွေကို လေ့လာခဲ့တယ်။ အခု ပြန်လည်မွေးဖွားပြီးတော့ တခြားလမ်းကြောင်းပြောင်းသွားတယ်။
စိတ်ထဲမှာ စိတ်လှုပ်ရှားနေပေမယ့် မျက်နှာမှာတော့ တည်တံ့နေခဲ့တယ်။
ဟဲပိုင်လည်း ဖိုင်တွဲကိုယူပြီးတစ်ခုချင်းသေချာလေ့လာလိုက်သည်။ စတူဒီယိုထဲက ထောင့်နားမှာ ချစ်စရာကောင်းတဲ့ ယုန်လေးကိုတွေ့လိုက်သည်။
စတူဒီယိုက မင်းသမီးပုံစံနဲ့ရိုက်မယ့်ပုံစံက အတော်လိုက်ဖက်တယ်။ ဒါအတော်သွေရေးကြေးရေး အကုန်ခံထားပုံပဲ
မော်ဒယ်တွေက စတိတ်ပေါ်မှာမတ်တပ်ရပ်ပြီး ဟဲပိုင်က လှေကားပေါ်က ရပ်ပြီး မင်းသမီးပုံကြမ်းတွေကို သေချာလေ့လာနေသည်။
လင်းရှားလည်း ခဏကြာတော့ ရောက်လာသည်။ ဟဲပိုင်လည်း သူ့ဆီဖိုင်တွဲပြန်ပေးလိုက်သည်။ ထို့နောက် အပြုံးလေးနှင့်
"စတာပေါ့ ကျွန်တော်အသင့်ဖြစ်နေပြီ"
ညသန်းခေါင်ချိန်မှာ တိချိုဟဲတစ်ယောက် ဖုန်းကိုတိတ်တဆိတ်ဖွင့်ပြီး ဟဲပိုင်ဆီ ဖုန်းဆက်ဖို့ တွေဝေးရင်း WeChat မှာ ဘာစာမှမဝင်လာသည်ကို တွေ့လိုက်သည်။
ဆောင်းဦးငှက် : အိပ်ပြီလား?
စက္ကန့်ပိုင်းအတွင်း ပြန်စာရောက်လာသည်။
ဖြူသောပိုဖြူသော : မအိပ်သေးဘူး
တိချိုဟဲလည်း ပြန်စာကိုကြည့်ပြီး သိပ်မပျော်ခဲ့ပါ။ ပုံစံကတစ်မျိုးဖြစ်နေသလိုပဲ။
ဆောင်းဦးငှက် : ပိတ်ရက်မှာ အလုပ်များနေတာလား
ဖြူသောပိုဖြူသော : အင်း
တိချိုဟဲ စကားလုံးများဆွံအသွားပြီး။ " ငါ့ကိုစာပြန်ဖို့တောင် အလုပ်များနေတာလား"လို့ ရိုက်ထားတာကိုပြန်ဖျက်လိုက်ပြီး အမူအရာပြောင်းကာ စာအသစ်ပြန်ရိုက်လိုက်သည်။
ဆောင်းဦးငှက် : အလုပ်သစ်ရှာနေတာလား။ ပင်ပန်းနေလား။
ရှုန်ဝမ်နှင့် နောက်ဆုံးအကြိမ်ပြောပြီးတော့ တိချိုဟဲလည်း ဟဲပိုင် Saint Elephant က ထွက်သွားသည်ကို သိလိုက်သည်။ နောက်ပြီး ဓာတ်ပုံရိုက်တဲ့အလုပ်ကို တိချိုဟဲမိတ်ဆက်ပေးဖို့ဆိုတာ လွယ်လှသည်။ ရက်ပိုင်းလောက်နဲ့ အပြီးသတ်နိုင်သည်။နောက်ပြီး လစာလည်း ပိုကောင်းအောင်ပြောနိုင်သည်။
YOU ARE READING
One Useless rebirth ( မြန်မာဘာသာပြန်)
Romance[UNICODE] ကောင်လေးနှစ်ယောက်၊ တစ်ယောက်က အလွတ်တန်းဓာတ်ပုံဆရာ၊ နောက်တစ်ယောက်က နာမည်ကြီး ရုပ်ရှင်ဘုရင်လို့ ခေါ်စမှတ်ပြုနိုင်တဲ့ သရုပ်ဆောင်မင်းသား... သူတို့ရဲ့ တွေ့ဆုံပုံလေးက... ဓာတ်ပုံဆရာလေး ဟဲပိုင်က ရုပ်ရှင်ဘုရင် တိချိုဟဲ အသတ်ခံရတဲ့ မြင်ကွင်းကိုမှ အမှတ...
