[UNICODE]
"ကောင်းပြီ! ငါတို့မမူးမချင်း မပြန်ဘူး!"
တိချိုဟဲရပ်လိုက်ပြီး သူ့ဆီလှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်ကို နူးညံ့စွာပင့်တက်အောင်ပြုံးလိုက်ပြီး အသံကိုလျှော့ကာ လမ်းကြားလေးထဲတွင် လုံးဝဆွဲဆောင်မှုရှိနေသည်။ "ငါ့ကိုဗေဒင်ဟောမယ်ပေါ့?"
ဘာလို့ဒီလူ့အသံကနည်းနည်းထူးဆန်းနေရတာလဲ... ဟဲပိုင် ဘာကြောင့်မှန်းမသိ နောက်ဆုတ်မိပြီး ရုတ်တရက် သူ့ကိုပြန်ခေါ်လိုက်မိသည်ကို နောင်တရသွားသည်။သူဒီနေ့ဘာဖြစ်နေသည်ကို မသိတော့ပါ။ သူနှစ်ခါပဲမြင်ဖူးသည့် သူ့ရှေ့ကယောက်ျားတစ်ယောက်အတွက် သူရူးလောက်သည်အထိ နှလုံးကဆက်တိုက်ခုန်နေသည်။
သည်အရာများသည် သူလုပ်နေကြပုံစံမျိုးမဟုတ်၊ သို့သော်... သူ့ကင်မရာကိုပွတ်ကာ တစ်ဖက်က လူငယ်လေး၏ငယ်ရွယ်လှသည့်မျက်နှာကိုကြည့်လိုက်တိုင်း ဟိုပြတင်းပေါက်နောက်ကွယ်က တွန်းထုတ်ခဲ့သည့် လက်တစ်စုံကို သတိရမိသည်။
သူတစ်ချက် စိတ်ထဲမှ သက်ပြင်းချကာ ခေါင်းတစ်ချက်ညိမ့်ပြီး ဖြေလိုက်သည်။
"အင်း ကျွန်တော်ဗေဒင်ဟောပေးမယ်" သူလိုလူတော်တစ်ယောက်ကို ဘာမဟုတ်သည့်ကိစ္စနှင့် ဆုံးရှုံးမည်ကို လက်မခံနိုင်ပါ။ ထို့ပြင် သူ့ကို ဓာတ်ပုံကောင်းများရိုက်ခွင့်ပေးခဲ့သူ၊ သူ့ကျောင်းပိတ်ရက်များကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းခွင့်ပေးသူ မဟုတ်ပေလား။
တိချိုဟဲသူ့ကိုတစ်ချက်ကြည့်ပြီး ကျောင်းသားကို အိတ်ထဲထည့်ကာ နောက်ပြန်လှည့်လာပြီး "ဘာကြည့်ပေးမှာလဲ? အလုပ်အကိုင်လား၊ ကံကောင်းခြင်းလား ...ဒါမှမဟုတ် အချစ်ရေးလား?"
"မဟုတ်ဘူး ခင်ဗျားအသက်လမ်းကြောင်းကိုဖတ်ပေးမလို့" ဟဲပိုင်လွန်လွန်ကဲကဲမပြောဘဲ သူတိချိုဟဲတစ်ကိုယ်လုံးကို အပေါ်အောက်တစ်ချက်လေ့လာလိုက်သည်။ ထို့နောက် သူစတင်ဟောဟန်ထုတ်တော့သည်။
"ကျွန်တော်ငယ်ငယ်က ဘုန်းကြီးကျောင်းနားမှနေခဲ့တယ်၊ ကံကောင်းချင်တော့ အဲ့ကျောင်းမှာ ဗေဒင်ဟောတဲ့ဘုန်းကြီးအိုကြီးတစ်ပါးဆီက ပညာတွေလေ့လာခဲ့ရတယ်။ အခု ခင်ဗျားက တစ်ချိန်မှာ နာမည်ကြီး ရုပ်ရှင်ဘုရင်ဖြစ်မယ်ဆိုတာရော ကိုယ်ပိုင်ကုမ္ပဏီထောင်နိုင်မယ်ဆိုတာရောက ဒါတွေအားလုံးက ခင်ဗျားမျက်နှာမှာရေးထားတယ်လေ"
YOU ARE READING
One Useless rebirth ( မြန်မာဘာသာပြန်)
Romance[UNICODE] ကောင်လေးနှစ်ယောက်၊ တစ်ယောက်က အလွတ်တန်းဓာတ်ပုံဆရာ၊ နောက်တစ်ယောက်က နာမည်ကြီး ရုပ်ရှင်ဘုရင်လို့ ခေါ်စမှတ်ပြုနိုင်တဲ့ သရုပ်ဆောင်မင်းသား... သူတို့ရဲ့ တွေ့ဆုံပုံလေးက... ဓာတ်ပုံဆရာလေး ဟဲပိုင်က ရုပ်ရှင်ဘုရင် တိချိုဟဲ အသတ်ခံရတဲ့ မြင်ကွင်းကိုမှ အမှတ...
