[UNICODE]
ဖြူသောပိုဖြူသော :ဘာလို့မပြောတော့တာလဲ စိတ်ဆိုးသွားတာလား။
ဖြူသောပိုဖြူသော : တောင်းပန်ပါတယ် ငါ့သဘောနဲ့ငါ Red Guest ကို သွားမရှာခဲ့သင့်ဘူး
အသစ်ဝင်လာသည့် စာ၂စောင်ကိုကြည့်ပြီး တိချိုဟဲတစ်ယောက် အမြန်စိတ်အေးအေးနှင့် စဉ်းစားလိုက်သည်။ သူအထက်တန်းစာမေးပွဲဖြေတုန်းကတောင် ဒီလောက် ဦးနှောက်အလုပ်မလုပ်ခဲ့ပါဘူး။ ခွေးပေါက်လေးက Red Guest ကို ဝယ်သူဆိုတဲ့ ငါ့ကိုရှာဖို့သွားခဲ့တာဆိုတော့...
Red Guest အစ်ကိုဝမ်းကွဲ ကျန်း... ရှုန်.... ဝမ်.... ခွေးပေါက်လေးက ဘာလို့ ကျန်းရှုန်ဝမ်က အားကိုးလို့ရတယ်လို့ ထင်ရတာလဲ။
သူမျက်ခုံးတစ်ချက်ပင့်လိုက်သည်။ ထို့နောက် စိတ်ဆိုးမာန်ဆိုးနှင့် စာတွေရိုက်ပြီး စာမပို့ခင် ပြတင်းပေါက်တစ်ချက်ကြည့်လိုက်သည်။ သူ့ပုံကို ရေးရေးလေးမြင်ရသည်ကို ကြည့်ပြီးနောက် တိချိုဟဲ ခဏရပ်လိုက်ပြီး ငြိမ်သက်သွားသည်။ သူစိတ်ပြောင်းကာ စာပြန်ရိုက်လိုက်သည်။
ဆောင်းဦးငှက် : ရပါတယ် ရှောင်ပိုင်ငါ့ကိုစိတ်ပူလို့ဆိုတာ^-^
ဆောင်းဦးငှက် : လက်ဆောင်ကယူရမှာပဲ။ တကယ်လို့ ယူရမှာအားနာရင် ငါတို့လက်ဆောင်ချင်းလဲမယ်လေ
ဆောင်းဦးငှက် : ခဏလေး ဒီဖက်မှာအလုပ်ပေါ်လာလို့
ဟဲပိုင်စကားကို နားထောင်ပြီး အခြေအနေကိုသိလိုက်လို့ ကျန်းရှုန်ဝမ်ဆီ ချက်ချင်းဖုန်းလှမ်းဆက်ပြီး ဟိုဖက်က ကိုင်သည်နှင့်
"မင်းခွေးပေါက်လေးကိုဘာပြောလိုက်တာလဲ"
ကျန်းရှုန်ဝမ် : "......ဟဲဟဲ"
တိချိုဟဲ : ဘာလဲ
၁၀ မိနစ်လောက်ကြာတော့ တိချိုဟဲလည်း ကောင်းကောင်းအထောင်းခံရပြီးနောက် ဖုန်းကိုပိတ်ပြီး ကောင်းကင်ကိုကြည့်လိုက်တော့ အတော်မှောင်နေပြီပဲ။ သူ အင်တာနက်ဖြတ်ပြီးနေတဲ့နေ့ရက်တွေက အတော်ကို သာယာလှသည်။
သက်ပြင်းအရှည်ကြီးချပြီးတော့ တိချိုဟဲ ဖုန်းကောက်ကိုင်ကာ သစ်သီးဆိုင်ကို ဖုန်းဆက်ပြီး Red Guest ဓာတ်ပုံစတူဒီယိုကိုလည်း သစ်သီးတစ်ဘူးပို့ဖို့ ပြောလိုက်သည်။ နောက် ဖုန်းကိုပိတ်ပြီး ခုံတန်းလေးမှာ အသက်မဲ့စွာထိုင်နေသည်။ တိချိုဟဲ အတွက် ဒီလိုဘဝက သာယာပေမယ့် ခွေးပေါက်လေးနဲ့လည်း ဆက်သွယ်လို့မရဘူးပဲ... အချိန်တန်ရင် အဆင်ပြေမှာပါ!
YOU ARE READING
One Useless rebirth ( မြန်မာဘာသာပြန်)
Romance[UNICODE] ကောင်လေးနှစ်ယောက်၊ တစ်ယောက်က အလွတ်တန်းဓာတ်ပုံဆရာ၊ နောက်တစ်ယောက်က နာမည်ကြီး ရုပ်ရှင်ဘုရင်လို့ ခေါ်စမှတ်ပြုနိုင်တဲ့ သရုပ်ဆောင်မင်းသား... သူတို့ရဲ့ တွေ့ဆုံပုံလေးက... ဓာတ်ပုံဆရာလေး ဟဲပိုင်က ရုပ်ရှင်ဘုရင် တိချိုဟဲ အသတ်ခံရတဲ့ မြင်ကွင်းကိုမှ အမှတ...
