Chapter 33 Wait my Birthday!

987 107 1
                                        

<<UNICODE>>

"မင်းကိုယ်မင်း ရူးနေတာ နောက်ဆုံးတော့ သတိထားမိပြီပေါ့?" ကျန်းရှုန်ဝမ်လည်း သူခေါင်းညိမ့်ပြတာမြင်တော့ အံ့သြသွားမိတယ် "အင်းဟုတ်တယ် မင်းအမူအကျင့်က အတော်ကိုဆိုးတာ ဒါပေမယ့် မင်းသတိထားမိတာပဲလေ။ ဒီတော့ ကယ်နိုင်သေးတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့ ဆေးသောက်လိုက်ဒါဆို မင်းပုံမှန်ဖြစ်လာမှာပါ"

တိချိုဟဲလည်း အင်းအားမဲ့ပုံစံနဲ့ ငြီးနေသည်။ နောက်တော့ ကျန်းရှုန်ဝမ်လည်း စိတ်ဝင်တစား အနားကပ်ကာ သူ့အသားကိုထိလိုက်ပြီး"မင်းဘာဖြစ်နေတာလဲ။ ဆေးမှားသောက်ထားတာလား.... မင်းမိထွေးပြဿနာရှာပြန်ပြီလား?"

"မဟုတ်ဘူး" တိချိုဟဲ လက်ကာပြပြီး သူ့ကိုယ်သူ ခေါင်းအုံးထဲ နှစ်လိုက်ပြီး "ခဏလေး"

"ဘာကိုစောင့်ရမှာလဲ"

"ပွဲကြည့်မလို့" တိချိုလက်မြှောက်ကာပြတင်းပေါက်ကို ညွှန်ပြလိုက်သည်။ "ဒီနေ့ Saint elephant က အတော်လေး စည်ကားတယ်။ ဆရာကျားလည်း လာမယ်ကြားတယ်။"

ကျန်းရှုန်ဝမ်လည်း မျက်ခုံးပင့်ကာ အံ့သြသွားမိတယ်။ " ဘာကိုဖိတ်ကြားတာလဲ။ ဆရာကျားကလား။" သူ့တုံ့ပြန်ချက်လည်းမပြောနဲ့လေ ပြိုင်ဖက်က မျက်နှာချင်းဆိုင်ဆိုတော့ သူပျော်နေရင်တောင် အံ့သြစရာဖြစ်ဦးမှာ

"တကယ်ဆရာကျား သူ့သား၂ ယောက် သမက် ၂ ယောက်ပေါ်လာတာပဲ။ တကယ့်ပွဲကြီးပဲကွ" ကျန်းရှုန်ဝမ်ပြတင်းပေါက်ကနေ အံ့အားသင့်ကာပြောလိုက်သည်။"saint elephant က ဘယ်လိုလုပ်လိုက်တာလဲ ဆရာကျားက ဖိတ်လို့ကောင်းတာမဟုတ်ဘူးလေ။"

"ဒါပေမယ့် ဒါကလည်း သာမန်ကိစ္စပါပဲ" တိချိုဟဲလည်းပြန်နှစ်သိမ့်ပေးခဲ့တယ်။ ဒီတစ်ခေါက်တော့ ဆိုဖာပေါ်မှီပြီး ပျင်းရိစွာအပြင်ကိုကြည့်လိုက်သည်။ ဆရာကျားရဲ့မြေးလေးမွေးနေ့ဓာတ်ပုံရိုက်ဖို့ မွေးနေ့ပွဲက မနက်ဖြန်မှ ကျင်းပမှဆရာကျားက အတော်လေးကိုြအ်င်ညံ့တာပဲ။

"မွေးနေ့ပွဲဓာတ်ပုံရိုက်ဖို့လား"ကျန်းရှုန်ဝမ်လည်း ပါးစပ်ပိတ်သွားပြီး "Saint Elephant က ရူးနေတာလား ဒါက ဆရာကျားလေ။ တစ်သက်လုံးကင်မရာကိုင်လာတာ ပုံလည်းရွေးသလားမမေးနဲ့။ သူ့မြေးမလေးပုံကို ဘယ်လိုရိုက်နိုင်မှာလဲ?"

You've reached the end of published parts.

⏰ Last updated: Nov 06, 2021 ⏰

Add this story to your Library to get notified about new parts!

One Useless rebirth ( မြန်မာဘာသာပြန်)Where stories live. Discover now