Chapter 3: Mr. Film Emperor (2)

1.1K 274 4
                                        

[UNICODE]

ဟဲပိုင်တစ်ယောက် လူသွားလူလာများသည့် လမ်းထောင့်တွင် ဆောင့်ကြောင့်ထိုင်ကာ ကင်မရာကိုင်ပြီး ဦးတည်ချက်မဲ့ လျှောက်နေသည့် လမ်းကို အဆုံးသတ်လိုက်သည်။

သူရုံးခန်းက ပြန်လာပြီးနောက် အကြောင်းအရာ ၃ ခု သေချာခဲ့သည်။ 

နံပါတ် (၁) သူ့အမှတ်များ ပြောင်းလဲခြင်းမရှိသေး။ 

နံပါတ် (၂) သူ့ဓာတ်ပုံအိမ်စာက တစ်ပတ်ကို ခေါင်းစဉ်တစ်ခုအစား ခေါင်းစဉ်နှစ်ခုအဖြစ်ပြောင်းသွားသည်။ ပိုဆိုးသည်မှာ အကြောင်းအရင်းသည် သူအားနည်းဆုံးဖြစ်သည့် 'လူ' ဖြစ်နေသည်။ 

နံပါတ် (၃) အချက်ကတော့ ပရောဖက်ဆာရွီ အဖြေမပေးခဲ့သည့် မေးခွန်းတစ်ခုပါ။ ပရောဖက်ဆာအား ဆိုလိုရင်းကို ဖုန်းဆက်မေးတော့လည်း လျို့ဝှက်စွာဖြင့် "မင်းဘာသာ အဖြေရှာ" ဟုသာဆိုသည်။

ဟဲပိုင်တစ်ယောက်လည်း ဒီကိစ္စကို အတော်သိချင်နေသည်။ ထို့ကြောင့်လဲ တိချိုဟဲ၏ပုံက ဘာတွေများ ဒီလောက်ကောင်းနေတာလဲလို့ တွေးမိခဲ့သည်။

သူ့မျက်နှာ တစ်ချက်ပွတ်ကာ ကင်မရာကိုပင့်ကာ လူအများရှိရာသို့ ကင်မရာချိန်လိုက်သည်။

တစ်ပတ်ကြာသော်၊ ဟဲပိုင်တစ်ယောက် လူငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝနှင့်ပြန်လည် နေသားကျလာသည်။ သူတစ်ချိန်က အချိန်ပိုင်းလုပ်ခဲ့သည့် အလုပ်များကို မမှတ်မိတော့သဖြင့်၊ သူ့အလုပ်ရှင်ဟု ထင်ရလောက်သည့် လူများအားလုံးကို ဖုန်းဆက်လိုက်သည်။

စနေနေ့တွင် ဟဲပိုင်တစ်ယောက် ပရောဖက်ဆာရုံးခန်းမှ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်းများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ထွက်လာကာ ကင်မရာကိုင်ပြီး ကျောင်းအပြန် ဘတ်စ်ကား ထိုင်စောင့်နေသည်။

သူဓာတ်ပုံရိုက်ရာတွင် နည်းပညာပိုင်းဆိုင်ရင် ကျွမ်းကျင်သော်လည်း စိတ်ဝိညာဉ်ကိုကား ထိမိအောင်မရိုက်နိုင်သေးပါ၊ ထို့ကြောင့် သူပြန်ရိုက်ရဦးမည်ဖြစ်သည်။ ထိုသည်မှာ ပရောဖက်ဆာရွီ ီအပတ်အိမ်စာအပေါ် မှတ်ချက်ပေးလိုက်ခြင်းဖြစ်သည်။

One Useless rebirth ( မြန်မာဘာသာပြန်)Unde poveștirile trăiesc. Descoperă acum