Chapter 16: The First Time

858 215 6
                                        

[UNICODE]

လက်ဆောင်ဘူးထဲတွင် ဓာတ်ပုံနှစ်မျိုးကွဲနေသည်။ တစ်မျိုးက တိချိုဟဲ ဟု လက်မှတ်ထိုးထားသည်များဖြစ်ပြီး နောက်တစ်မျိုးမှာ... တိသုံးနှစ်သား ဟု လက်မှတ်ရေးထိုးထားသည်။

ဟဲပိုင်လည်း မျက်ခုံးပင့်ကာ သက်ပြင်းတစ်ချက်ချပြီး တိချိုဟဲဟု လက်မှတ်ထိုးထားသည့်ပုံများကို ရွေးထိုတ်လိုက်ပြီး တခြားလက်ဆောင်ဘူးထဲ ခွဲထည့်ကာ ထိုဘူးထဲသို့ သူပြင်ထားသည့်ပုံများပါ ထည့်ပြီး ဝယ်သူဆီပို့ရမည့်လိမ်စာကို ရှာလိုက်သည်။ သူပို့ပြီးနောက်  WeChat တွင် စာပို့ကာ ဝယ်သူမွေးနေ့ဆုတောင်းပေးသည်ကို တစ်ဖန်ကျေးဇူးတင်စကားပြောလိုက်သည်။

ဒီတစ်ခေါက်တော့ ဝယ်သူဆီမှ စာချက်ချင်းမပြန်ပါ။ ၂ မိနစ်လောက်စောင့်ပြီးတော့ သူဖုန်းချပြီး ခဏလောက်တွေဝေကာ ဖုန်းကောက်ကိုင်ပြီး အံ့ဆွဲထဲ ပစ်ထားလိုက်သည်။

ဒီလိုလုပ်ပြီးနောက် သူနည်းနည်းစိတ်သက်သာရာရသွားသည်။ ဒီနေ့ နေ့လယ်အတန်းမရှိသည်ကို အခွင့်ကောင်းယူကာ သူ့အိမ်စာများကို ထုတ်ပြီး ပြန်လည်သုံးသပ်နေသည်။ ထို့နောက် ကွန်ပျူတာကို ဖွင့်ကာ ရုံးမှပို့လိုက်သည့် အလုပ်အသစ်များကို ဒေါင်းလိုက်သည်။

ဒီတစ်ခေါက် ရုံးမှပို့သည်မှာ ပုံသိပ်မများပါ။ ၅ ပုံ ၆ ပုံ တစ်တွဲသာရှိသဖြင့် သူတစ်ပတ်အတွင်း ပြင်ရန်လွယ်ကူလွန်းလှသည်။

ဓာတ်ပုံများမှာ အလှပုံများဖြစ်သည်။ သရုပ်ဆောင်ပုံ ၅ ပုံ ( အမျိုးသားပုံ ၃ပုံနှင့် အမျိုးသမီးပုံ ၂ ပုံ) နှစ်ယောက်လုံးမှာ ဟပိုင်နှင့် ရင်းနှီးနေသလိုရှိသည်။ သူခဲရာခဲဆစ်ပြန်ဖော်ကြည့်တော့မှ B မြို့မှာ တီဗီတင်ဆက်သူ နှစ်ဦးဖြစ်ပြီး နောင်တစ်ချိန်တွင် နာမည်ကြီးလာမည့်သူများဖြစ်သည်။ သူတို့သည် တစ်ချိန်မှာ ဝင်ငွေကောင်းမည့်ကြယ်ပွင့်များဆိုသော်လည်း ယခုမှာတော့ B မြို့ တီဗီရုပ်မြင်သံကြား၏ တက်သစ်စ ကြယ်ပွင့်လေးတွေပေါ့။

သူတစ်ယောက်ဆီ၏ ဓာတ်ပုံ ၆ ပုံကို ခွဲလိုက်ပြီး ဆော့ဖ်ဝဲလ်ဖွင့်ကာ အကျယ်ချဲ့လိုက်သည်။ သို့သော် တစ်ခဏ  တုံ့ဆိုင်းကာ ဝေဝါးသွားသည်။

One Useless rebirth ( မြန်မာဘာသာပြန်)Where stories live. Discover now