Chapter 22: Start first

803 201 6
                                        

[UNICODE]

လမ်းကြားလေးသည် အတော်ရှည်လှသည်။ တစ်ဖက်ထွက်ပေါက်မှာ ဈေးဝယ်စင်တာနှင့် မျက်စောင်းထိုးဖြစ်သည်။

ဟဲပိုင်လည်း သုန်မှုန်စွာ တိချိုဟဲ အနောက်က လျှောက်လာရင်း မေးလိုက်သည်။ "ငါ့ကို ဘယ်ခေါ်သွားမလို့လဲ?"

တိချိုဟဲလည်း ဦးထုပ်လျှာကို အရှေ့စောင်းလိုက်ကာ သွယ်လျလှသည့် လက်ချောင်းလေးနှင့် တစ်ဖက်ကဈေးဝယ်စင်တာကို လက်ညှိုးထိုးပြကာ "ဈေးသွားမယ်လေ အမဲသားနံရိုးဝယ်ပြီး အိမ်ပြန်ချက်စားကြမယ်"

ဟဲပိုင်လည်း အလန့်တကြားနှင့် " မင်း ထမင်းချက်တယ်လား?"

တိချိုဟဲက သူ့ကို လှည့်ကြည့်ကာ "မင်းပဲ ငါ့ကို အမဲသားနှပ်ကျွေးမယ် ဖိတ်ထားတယ်လေ" ဟုပြောပြီး နှုတ်ခမ်းထောင့်လေးပင့်တင်ကာ အသံအေးအေးလေးနှင့် နူးညံ့စွာပြောလိုက်သည်မှာ ဟဲပိုင်အတွက် အရမ်းမုန်းစရာကောင်းနေသည်။

"ဒီတော့ မင်းချက်ရမှာပေါ့ ပြီးတော့ ငါက အမဲသားရွေးမှာ မင်းက ငွေရှင်းလိုက်"

"......ငါမချက်တတ်ဘူး"

"ဒါဆိုလည်း သင်ပေါ့" တိချိုဟဲလည်း သူ့ခေါင်းလေးကို ခွေးပေါက်လေးတစ်ကောင်ကို ပုတ်လိုက်သလို ပုတ်လိုက်သည်။ ထို့နောက် နှစ်သိမ့်စွာနှင့် "မကြောက်ပါနဲ့ ငါမင်းကို ဟင်းချက်နည်းတွေရှာပေးမယ်။ မင်းကို ငါ့မီးဖိုချောင်ကိုလည်း လုပ်ချင်တာလုပ်ခွင့်ပေးမယ်။ ပြဿနာမရှိဘူး ဖြစ်ချင်ရာဖြစ် မင်းကို တစ်ဝက်ပဲ အလျော်တောင်းမယ်"

"ဒီလိုရက်ရောတာ ကျေးဇူးတင်ပါတယ်..." ဟဲပိုင်လည်း ခေါင်းရော လက်ပါ ခါရမ်းနေသည်။

တိချိုဟဲလည်း မျက်ခုံးပင့်ကာ လက်ကောက်ဝတ်ကို ဆွဲကာ လှုပ်ရမ်းနေသည့် ဆံပင်ကို ကိုင်ဆွဲလိုက်ပြီး အားရကျေနပ်စွာ ရယ်မောလိုက်ပြီး "ငါ့ကို တရိုတသေချည်း ပြောမနေနဲ့ ငါလည်း မနေတတ်တော့ဘူး"

"......" ဒီလိုအရှက်မဲ့တဲ့လူနဲ့ ဘာမှ ဆက်ပြောစရာမရှိတော့ဘူး

ကုန်ကြမ်းတွေ ဝယ်ပြီးနောက် တိချိုဟဲလည်း ငွေရှင်းလိုက်ပြီး ဟဲပိုင်ကို ခေါ်ပြီး ကားဆီပြန်လာခဲ့သည်။

One Useless rebirth ( မြန်မာဘာသာပြန်)Where stories live. Discover now