chapter 1

2.1K 207 24
                                    

Unicode

မိုးရွာပြီးစ အချိန်မို့ ဝန်းကျင်တစ်ခွင်လုံးက အေးစိမ့်စိမ့်။
သစ်ပင်တွေပေါ်မှာ တင်ကျန်နေတဲ့ ရေစက်တွေက ခေါင်မိုးပေါ်ကို တစ်တောက်တောက် နှင့် ကျလျက်ရှိသည်။ မိုးမ‌ချုပ်သေးသော်လည်း မိုးအရောင်ကြောင့် ည‌နေခင်းအချိန်ဟာ အလင်းရောင်လျော့ရဲနေပြီဖြစ်သည်။

ဆောနူတစ်ယောက် မိုးရေစက်တွေ တစ်တောက်တောက်ကျနေဆဲ ခေါင်မိုးစွန်းရဲ့ အောက်ဘက်နားက ဝါရံတာ မှာ ထိုင်ဖြစ်သည်။ မိုးရွာပြီးစ,ရလာတဲ့ မြေသင်းနံ့ကို တအားသဘောကျသည်လေ။

ဦးတည်ချက်မရှိ ဖုန်းကိုဟိုဟိုဒီဒီ လျှောက်ကြည့်မိတော့ တစ်စုံတစ်ယောက်က အတွေးတွေထဲရောက်လာသည်။

"မီယွန်း... ဖြစ်နိုင်ရင် ငါ့ကို အမှန်အတိုင်းဖြေစေချင်တယ်။ ငါ့ကို တကယ်သဘောကျတာ ဟုတ်ရဲ့လား" ဆိုပြီး စာပို့ထားခဲ့တော့ တစ်ဖက်က ပြန်စာရလာသည်။

"အစကတော့ ဆောနူကိုသဘောကျတယ်ထင်ခဲ့ပေမဲ့ နောက်တော့ သိလာရတာက သူငယ်ချင်းခံစားချက်ထက်မပိုခဲ့ပါဘူး" တဲ့

"ဒါဆိုလည်း ငါတို့ဒီမှာတင်ရပ်လိုက်ကြတာပေါ့"

"ကောင်းပါပြီ ရှေ့ဆက်သူငယ်ချင်းကောင်းအဖြစ်နဲ့ပဲ နေချင်ပါတယ် ဂရုစိုက်ပါ ဆောနူ"

ကိုယ်တိုင်က မချစ်နိုင်တာမို့ လမ်းခွဲဖို့ အကြောင်းရှာခဲ့တယ် ဆိုပေမဲ့ မရှိတော့လည်း လွမ်းလာမိသလို။ အမှန်ဆို သူ့ဘက်ကပဲ သဘောကျပါတယ် ဆိုလို့ တွဲပေးခဲ့တာကို ခုမှ သူငယ်ချင်းလိုလာလုပ်တာတော့ နည်းနည်းတော့ ခုလုခုလု ဖြစ်မိသည်။ တွဲလာခဲ့သည့် ၃လလုံးမှာ စိတ်ထဲမပါဘဲ ချစ်တယ် လို့ တစ်ခါပဲ ပြောဖူးတာကလွဲရင် နေ့စဉ်လည်း စကားမပြောဖြစ်။ သီးသန့် dateလည်း မလုပ်ဖြစ်ကြ။ ရည်းစားအမည်ခံထားရုံကလွဲရင် တကယ်ကို သူစိမ်းလို။ ဆောနူကိုယ်တိုင် ကလည်း သူ့ကို သတိမရသလို သူ့ဘက်ကလည်း သတိရပုံမပေါ် တစ်ခါတစ်လေ အားနာမိလို့ စကားသွားပြောရုံကလွဲရင် ထွေထွေ‌ထူးထူးခံစားချက်လည်း မရှိ။ ဒါဆိုဘာလို့ တွဲကြရအောင် လို့ ပြောပြီး တွဲမိခဲ့ကြတာလဲ ဆိုတော့ အဖြေက ရှင်းပါသည်။ ပျင်းလို့ပေါ့!

anagapesis [ sunki ]Where stories live. Discover now