chapter 16

678 68 21
                                    

Unicode

ရုတ်တရက်မြည်လာသော ဖုန်းကြောင့် စားပြီးသား ပန်းကန်တွေဆေးနေတဲ့ ဆောနူက ရာဘာလက်အိတ်ကို ခဏချွတ်ရင်း ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကိုင်လိုက်သည်။ နံပါတ်က တစ်ခါမှမမြင်ဖူးသော အစိမ်းသက်သက်။

"ဟယ်လို"

ဆောနူ ဖုန်းကို ပြန်ဖြေလိုက်ပြီး တစ်ဖက်က ပြန်လာသည့်အဖြေကို စောင့်နေသည်။ ဆပ်ပြာအမြှုပ်တို့က တပွက်ပွက် အသံမြည်ရင်း ပူဖောင်းလုံးလေးများက စက္ကန့်မလပ် ပေါက်ထွက်နေကြသည်။

"စီနီယာ ဂင်မ်ဆောနူ လားမသိဘူး"

စီနီယာဆိုသည့် အသုံးအနှုန်းကြောင့် ဆောနူမျက်ခုံးတွေ ပင့်တက်သွားသည်။

"ဟုတ်ကဲ့ ဂင်မ်ဆောနူပါ ဘယ်သူများလဲမသိ"

"အာ ဟုတ်ကဲ့.. ညီမက စီနီယာတို့ကျောင်းက ဂျူနီယာ ဂျူအင်ဆန်းပါ"

"ဟုတ်ကဲ့ ဘာကိစ္စများလဲ"

တစ်ဖက်က ပြန်လာသည့် အသံသေးသေးကို ဆောနူ အာရုံစိုက်နားထောင် နေသည်။

"ညီမက ဒီနှစ် တက္ကသိုလ်ဝင်ခွင့်ဖြေရမှာမို့ အဲ့တာ စီနီယာ ညီမအတွက် ဂိုက်လုပ်ပေးလို့ ရမလားလို့ပါ"

ဆောနူက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း မျက်ခုံးကိုကြုတ်လျက် စဉ်းစားနေသည်။ ဒီအလုပ်က သူလျှောက်ထားသည့်အလုပ်တွေထက် ပိုအဆင်ပြေနိုင်မည့် အလုပ်ဖြစ်သော်ငြား မိခင်ဖြစ်သူ၏ သဘောထားကို မေးဖို့လိုသေးတာမို့...

"အစ်ကို ပြန်ဆက်လိုက်မယ်နော် ညီမ.. အိမ်ကိုအရင်ပြောကြည့်မှာမို့ပါ"

တစ်ဖက်က ဝမ်းသာသွားသည့် အသံဖြင့်။

"ဟုတ်ကဲ့ပါ စီနီယာ ဆက်ဆက်တော့ လက်ခံဖြစ်အောင် လက်ခံပေးပါနော်။ ညီမက တခြားသူကို မဆက်သွယ်ထားတာမို့ပါ"

ဆောနူက မျက်လုံးများမှိတ်သွားသည်အထိ ပြုံးလိုက်ရင်း

"ဟုတ်ပါပြီ"

"ဒါဆို ဖုန်းချလိုက်တော့မယ်နော် စီနီယာ"

"ဟုတ်ကဲ့ပါ ကောင်းပါပြီ"

You've reached the end of published parts.

⏰ Last updated: May 25, 2023 ⏰

Add this story to your Library to get notified about new parts!

anagapesis [ sunki ]Where stories live. Discover now